Sept 7, 2022 (Wednesday)
တကယ်တော့ဒီနေ့ကသင်တန်းပိတ်တယ် ဒါပေမယ့် အိမ်မှာမနေချင်လို့ထွက်လာတာ လျှောက်သွားဖို့သူငယ်ချင်းကိုလဲချိန်းထားတယ် တိရစ္ဆာန်ရုံသွားမယ် ဟိုသွားမယ် ဒီသွားမယ်နဲ့ နောက်ဆုံးတော့ ......
" ငါcafe မထိုင်ချင်ဘူး "
" လာပါ သွားမယ် အဲ့ဆိုင်ကဓာတ်ပုံရိုက်လို့ကောင်းတယ် "
" အဲ့တာဆိုလည်း သဘော သဘော "
ဒီလိုနဲ့ သူငယ်ချင်းနှစ်ယောက် 37လမ်းထဲလျှောက်လာခဲ့ကြသည် ဦးတည်ရာကတော့ 37လမ်းထဲက Déjà Brew ကိုပေါ့
" နင့်ဟာကဘယ်မှာလဲ မရောက်သေးဘူးလား "
" ဟိုရှေ့မှာဆိုင်းဘုတ်လေ ရောက်ပြီ လာ လာ "
ဆိုင်ကကျဉ်းပေမယ့် အေးဆေးထိုင်လို့ကောင်းတဲ့နေရာမျိုးပါပဲ
မထင်မှတ်ထားတဲ့နေရာမှာ အကို့ကိုတွေ့ရမယ်လို့တစ်ခါမှမတွေးဖူးဘူး ဘာလို့ဆို သူသွားရဖို့လေးရက်ပဲလိုတော့တယ် ကိုယ်ကလဲခိုးထွက်လာတာ အကိုမသိဘူး အရင်ကလဲချိန်းထားရင်အမြဲပျက်တော့အကိုနဲ့တွေ့ရဖို့ကံမပါဘူးပဲထင်တာ
ဘုရားသိကြား မ လို့ မသွားခင်တွေ့လိုက်ရတာတော်သေးတယ်သူငယ်ချင်းကဆိုင်ထဲအရင်ဝင်သွားတယ် ကိုယ်ကလဲသူ့နောက်ကလိုက်ဝင်တုန်း ဆိုင်ထဲကဝိုင်းမှာသူငယ်ချင်းတွေနဲ့ထိုင်နေတဲ့ အနီရောင်တီရှပ်ဝတ်ထားတဲ့အကို
တွေ့"ချင်းအကိုကိုလူမှားတယ်တောင်ထင်တာ
နှုတ်ဆက်ရမလား မနှုတ်ဆက်ရဘူးလားဆိုပြီး လွန်ဆွဲနေတုန်း အကိုကရယ်ပြပြီး " hi " တဲ့
အကို့အပြုံးကိုမြင်လိုက်ရပြီး ကိုယ့်မှာအကို့ကိုဘာပြန်ပြောရမယ်မသိ ! ကိုယ်သိတာရင်တွေခုန်နေတာတစ်ခုပဲ
လက်တွေလဲတုန်လို့
ပြီးတော့အကိုကဆက်ပြောတယ်" ဘယ်လိုရောက်လာတာလဲ "
" ဟိုဟာ သင်တန်းဆိုပြီးထွက်လာတာလေ "
အဲ့နောက်ဘာဆက်ပြောရမလဲ တကယ်မသိဘူး
စိတ်ကလဲအရမ်းလှုပ်ရှားနေတော့ တကယ်မျက်စိတွေပါပြာတယ် ကိုယ်အရမ်းတွေ့ချင်တဲ့လူကို ပထမဆုံးအကောင်လိုက်ကြီးမြင်လိုက်ရတာလေ
သူနဲ့မျက်နှာချင်းဆိုင်မထိုင်ရဲလို့ ကျောပေးပေမယ့် သူငယ်ချင်းကအတင်းနေရာလဲခိုင်းတော့ မျက်နှာချင်းဆိုင်ဖြစ်သွားတယ်
လူတိုင်းကိုအကြည့်စူးစူးနဲ့စိုက်ကြည့်ရဲပေမယ့် အကို့ကိုမျက်စိထောင့်ကပဲကြည့်ရဲခဲ့တယ် စိုက်ကြည့်ဖို့အတွက်သတ္တိမရှိဘူး ကိုယ်အရမ်းတုန်လှုပ်နေတာလေ
မျက်နှာချင်းဆိုင်ထိုင်ရင်းခိုးကြည့်မိတယ် အကို့ဘေးနာကကောင်မလေးက ကိုယ်လာမှပိုပြီးအကိုနဲ့ရောပြနေသလိုပဲ ဒါမယ့်လဲ မသိသလိုပဲနေပါတယ် မြွေ"ချင်းခြေမြင်ပေမယ့် အကို့ရှေ့မှာ ဗီလိန်မဆန်ချင်ဘူး ကိုယ်ဟာပန်းနုသွေးပဲ ကလေးဆန်တဲ့ ပုံစံကိုပဲပြချင်တယ် အဲ့တာကြောင့် သူငယ်ချင်းနဲ့ စကားတွေပြောပြီး ထိုင်ပဲရယ်နေတာ ကိုယ့်အပြုံးတွေကအကိုရှေ့မှာမို့တောက်ပနေတာသိစေချင်တယ်Eyes contact လုပ်ဖို့လဲမရဲခဲ့ဘူး
ပြန်ခါနီးတော့ အကိုကနှုတ်ဆက်တယ်" Emy အကိုပြန်တော့မယ်
ဘန်ကောက်ရောက်ရင်တွေ့ကြမယ် "ကိုယ်ပြန်ပြောလိုက်မိတာ
" ဟုတ် တာ့တာ" တဲ့
ဘယ်လောက်ရယ်ရလိုက်လဲ ဘာစကားမှထွက်မလာဘူး
အကိုနဲ့ဆုံခဲ့ရတာကိုယ်ပျော်တယ်
Déjà brew cafeကိုအတင်းဆွဲခေါ်သွားတဲ့ သူငယ်ချင်းကိုလဲကျေးဇူးတင်တယ် သူ့ကြောင့်သာမမျှော်လင့်ပဲတွေ့ခဲ့ရတာ
အကိုကကိုယ့်ကိုမှတ်မိနေပြီးသူအရင်နှုတ်ဆက်တာ
အဲ့လောက်ထိကိုယ်မမျှော်လင့်ထားဘူး
အကိုကမှတ်မိနေမယ်လို့တောင်မထင်တာ
အိမ်ပြန်လမ်းမှာလဲ ရယ်နေမိတာ
Maskနဲ့မို့သာတော်တော့တယ်
မဟုတ်ရင် busပေါ်ကလူတွေက
ဒီကောင်မလေးရုပ်လေးနဲ့မလိုက်ရူးနေတယ်ထင်ကြမှာMochaထဲက caffeine နဲ့အကို့ရဲ့အပြုံးကြောင့်ထင်ပါရဲ့ ကိုယ့်လက်တွေဟာအိမ်ရောက်တဲ့အထိ ထိန်းမရအောင်တုန်နေတုန်းပဲ အကိုကကိုယ့်ကိုအဲ့လောက်ထိပြုစားနိုင်တယ် ♡