" မမရေ ဒီနေ့ D.O ရဲ့ First soloလေးထွက်ပြီနော် "
" ဟုတ်တယ် မေ ရဲ့ ဒီနေ့တော့ ရှယ်Streamမှာ 3ခွဲရင် စကားလာမပြောနဲ့တော့နော် "
" ဟုတ်ကဲ့ရှင့် မေ လဲ Streamမှာ မမ "
မေနဲ့မမစသိခဲ့တာ 2019လောက်က EXO အဖွဲ့ကKaiရဲ့ BD projectတုန်းကပေါ့ အဲ့တုန်းကTime Cityမှာ LEDပြမယ်ဆိုလို့ မေကမေ့baisဖြစ်တဲ့Kaiမွေးနေ့မို့သွားခဲ့တာ မမကလဲ bd projectလာကြည့်ခဲ့တာ
မေ တစ်ယောက် တစ်ယောက်ထဲရှပ်ပြာ ရှပ်ပြာနဲ့လျှောက်လာရင်း ကောင်မလေးတစ်ယောက်နဲ့ ဝင်တိုက်မိရာ
" အာ့ "
" ဟယ် ကလေး အဆင်ပြေရဲ့လား "
" ဟုတ် ရပါတယ် "
" Kaiရဲ့88နဲ့ဆိုတော့ projectလာကြည့်တာလား "
မေ ဝတ်လာတာ T - shirt ကိုယ့်ဘာသာကို ဆေးရိုက်ပြီး ဝယ်ထားတာ designလေး ကျောနောက်မှာ 88လို့ရိုက်ထားပြီး ရှေ့မှာတော့ Bearရုပ်လေးထည့်ထားပြီး အောက်ကAeri Gomလို့ သေးသေးလေးရေးထားသေးသည်
" ဟုတ် မမကရော Lလားဟင် "
လက်ထဲမှာ lighstickမြင်လို့မေးလိုက်ခြင်းပင်
" omm ကလေးကတစ်ယောက်ထဲလာတာလား "
" ဟုတ်တယ် မမ "
" လာလေ မမတို့နဲ့လိုက်ခဲ့ "
" ဟုတ် "
မေကfangirl lifeမှာ သူငယ်ချင်းမရှိဘူး လူတွေနဲ့အေပါင်းအသင်းလုပ်ရမှာမေ့အတွက်ကအခက်ခဲဆုံးပဲ မေကလူတွေ နဲ့ပက်သက်ပြီးအနာရှိတယ်လေ normal lifeမှာဆိုလဲ သုံးယောက်ပဲရှိတယ် မေကအနေအေးပေမယ့် လုပ်ျင်တာလုပ်တက်တဲ့ကောင်မလေး တစ်ခါတစ်လေ ဆေးလိပ်တွေသောက်တယ် တက်တူးထိုးတယ် ဘီယာပုလင်းခွံဆိုတာလဲမေ့အခန်းထဲ အမြဲပြန့်ကျဲနေတာမျိုး ဒီလိုလုပ်နေလို့ မေ့ မိဘတွေကဆူမယ်ထင်လား နိုးပါ မေ့ မိဘတွေက သားသမီးကိုလိုတာဖြည့်ပေးရင်မိဘတာဝန်ကျေပြီထင်တဲ့လူမျိုးတွေလေ မေ လုပ်ချင်တာလုပ်နေတာမိဘကြောင့်လားဆိုရင်မဟုတ်ပါ ဒါတွေက မေ ကိုယ်တိုင်ပျော်လို့လုပ်နေတာ ဒါမယ့် လိမ္မာပြီးဆုံးမတက်တဲ့မမနဲ့ချင်ခြင်းမေတ္တာကိုခံစားချင်ဖူးတဲ့မေနဲ့က bestieတွေလို့ပြောရတဲ့အထိ ခင်လာခဲ့ကြသည် မမမိသားစုကလဲ မေ့ကိုအရမ်းချစ်ကြသည် မမအိမ်ကိုတံခါးမရှိဓားမရှိ မေ သွားလို့ရခဲ့တယ်