Part-4

14 1 0
                                    

ကြယ်စင်ဘာမှစဉ်းစားမနေတော့ စိတ်ထဲကအတွေးအားလုံးကိုထုတ်ပစ်လိုက်ပြီး မဖြစ်နိုင်လောက်ပါဘူးဟုသာနှလုံးသွင်းနေသည်
သို့သော်ရင်ထဲကအပူလုံးကြီးကကျမသွား
စဉ်းစားလိုက်တိုင်းပိုပြီးတော့တောင်ပူလောင်လာသည် ခေတ်သစ်ကိုမုန်းချင်သော်လည်းမမုန်းနိုင်ပေ ဒီလိုနဲ့စာကိုသာတစိုက်မတ်မတ်လုပ်ရင်းအချိန်တွေကိုကျော်လွန်လာခဲ့သည်

"ဟူးး ငါမနက်ဖြန်ဆိုငါးတန်းတက်ရတော့မှာပဲ အချိန်ကုန်တာကမြန်လိုက်တာ ခေတ်သစ်ကောသူငါနဲ့ကျောင်းတူပါ့မလား"

တဖြည်းဖြည်းအသက်ကြီးလာသောကိုယ့်ကိုကိုယ်မှန်ထဲမှာကြည့်ပြီးကြယ်စင်အတွေးနယ်ချဲ့နေမိသည်

"ခေတ်သစ်ကောဒီအချိန်ဘာလုပ်နေလောက်မလဲ"

ခေတ်သစ်ရဲ့စိတ်ထဲမှာဘာတွေရှိလဲဆိုတာကိုသိချင်လွန်းလို့ခေတ်သစ်စိတ်ထဲဝင်လို့ရရင်ကြယ်စင်ပြေးဝင်လိုက်ချင်သည်

"ကလောင် ကလောင် ကလောင် ကလောင်"

ကျောင်းတက်ခေါင်းလောင်းထိုးပြီ ကြယ်စင်ကတော့အခုထိအခန်းထဲမရောက်သေး ကျောင်းနောက်ကျနေပြီဆိုတာကိုသိ၍ကြယ်စင်အသားကုန်ပြေးလာသည် ဘာကိုမှမကြည့်ပဲအခန်းထဲရောက်ဖို့သာစိတ်အားထက်သန်နေတော့ကျောင်းပေါက်ဝမှာကျောင်းသားတစ်ယောက်နှင့်တောင်ဝင်တိုက်ခဲ့မိသည်

" အခန်းထဲမှာဆရာမ မရောက်သေးလို့ တော်သေးတယ် ဟူး"

"ကြယ်စင်ရယ်နောက်ကျလိုက်တာ အိမ်နဲ့ကျောင်းကအဝေးကြီးဆိုတော့"

"မဟုတ်ဘူး သီတာရဲ့ ငါကျောင်းလာဖို့ကိုဖင်လှည့်ခေါင်းလှည့်လုပ်နေတာနဲ့ နောက်ကျသွားတာ"

"နဒီနဲ့ငါနဲ့ရှိနေလို့ မဟုတ်ရင် နင်နောက်ဆုံးတန်းမှာသွားထိုင်နေရလောက်ပြီ"

"အေးပါဟယ် နင်တို့ကလည်းဒီတစ်ရက်လေးနောက်ကျမိတာကို"

"နင်နောက်ကျတဲ့ရက်က ပထမဆုံးကျောင်းတက်ရတဲ့ရက်လေ"

"ဟိုနှစ်ယောက်ရန်ဖြစ်မနေနဲ့တော့ ဟိုမှာဆရာမလာနေပြီ"

ရန်ဖြစ်ပြီးစကားနိုင်လုနေတဲ့ကြယ်စင်နဲ့သီတာတို့နှစ်ယောက် ဆရာမလာမှပဲငြိမ်သွားကြသည်
စာသင်ချိန်တွေပြီးလို့မုန့်စားကျောင်းဆင်းတော့
နဒီကကြယ်စင့်ကို မုန့်ဈေးတန်းသွားဖို့ခေါ်‌နေသည်

အချစ်ဦးWhere stories live. Discover now