အချိန်တွေကဘာမှသာမဟုတ်တာ ခြောက်တန်းနှစ်ကိုတောင်ရောက်လာပြီ ဒီနေ့ကကျောင်းသွားအပ်ရမယ့်နေ့ဖြစ်လို့ ကြယ်စင်စောစောထပြီး
ပြင်ဆင်နေမိသည်"သမီးရေ အိမ်ရှေ့မှာခေါ်သံကြားတယ် သမီးသူငယ်ချင်းလားမသိဘူး သွားကြည့်လိုက်ပါဦး"
"ဟုတ်"
ကြယ်စင်အိမ်ရှေ့တံခါးသွားဖွင့်လိုက်တော့ ထင်တဲ့အတိုင်းသီတာဖြစ်နေသည်
"သီတာရယ် အစောကြီးပဲခုမှ၉နာရီတောင်မထိုးသေးဘူး ၉နာရီထိုးမှကျောင်းအပ်လက်ခံမှာလေငါ့အမေတောင်ကျောင်းမသွားသေးဘူး"
"ငါနောက်ကျနေရင် နင်ငါ့ကိုစောင့်နေရမှာစိုးလို့စောစောလာလိုက်တာ စောင့်နေရရင်အားနာစရာကြီး"
"အော်နင်ကလည်းရပါတယ် ခဏထိုင်နေဦးနော်ငါအကျီသွားလဲလိုက်ဦးမယ်"
"အေးအေး"
ကြယ်စင်လည်းသီဝာာ့ကိုစကားပြောနေရင်းအခန်းထဲဝင်ပြီးအကျီမြန်မြန်လဲလိုက်သည်
"သမီးရေ သွားကြမယ်လေ သီတာလည်းရောက်နေပြီဆိုတော့"
"ဟုတ်အမေ"
ကြယ်စင့်အမေကလည်းဆရာမဖြစ်နေတော့ ဒီလိုရက်တွေဆိုကျောင်းအပ်လက်ခံရသည် အခုလည်းအမေကျောင်းအပ်လက်ခံဖို့ ကျောင်းကိုသွားရင်းတခါထဲကြယ်စင့်ကိုပါ ကျောင်းအပ်ပေးဖို့ခေါ်သွားသည်
မြန်မြန်ဆန်ဆန်ပဲကျောင်းအပ်ပြီးတော့ ကြယ်စင်အိမ်ပြန်လာခဲ့လိုက်သည် 'နွေရာသီကျောင်းပိတ်ရက်မှာတောင် ဝအောင်မဆော့ရသေးဘူး ကျောင်းကပြန်တက်ရတော့မယ်'ဆိုပြီး
စိတ်ထဲမှာရေရွတ်မိသည်၁၅ရက်ခန့်ကြာသော်
"သမီးရေ ထတော့ ကျူရှင်ကဒီနေ့တော့မတက်ရသေးဘူး မနက်ဖြန်မှစတက်ရမှာ မနက်ဖြန်ကျရင်ဒီထက်ပိုပြီးစောစောထရမှာ"
အမေခေါ်နှိုးတော့ကြယ်စင်လည်းအိပ်ချင်မူးတူးနှင့်ထလာရသည် အမေကဆရာမဖြစ်နေတော့ ကျူရှင်မတက်ရင်တခြားဆရာမတွေအမေ့ကိုဝိုင်းပြောမည်စိုး၍ တက်ချင်ချင်မတက်ချင်ချင်ကျူရှင်ကတက်ရသေးသည်
"ကျောင်းက၁၂ထိုးတက်မှာဆိုတော့ ၁၂မထိုးခင်၁၅မိနစ်အလိုလောက်မှသွားနော်သမီး ကျောင်းနဲ့အိမ်က၅မိနစ်လောက်ပဲလမ်းလျှောက်ရမှာ"
YOU ARE READING
အချစ်ဦး
Romanceသို့မြတ်နိုးရသောလူသားလေးရေ..🤍 နှစ်တွေဘယ်လောက်ကြာကြာမင်းနာမည်လေးကြားရင်ခံစားချက်တွေထိန်းချုပ်လို့မရတော့တဲ့အထိ ကိုယ်မင်းကိုချစ်တယ်.. မေတ္တာတွေသာစစ်မှန်ရင် ရောင်ပြန်ဟပ်တယ်ဆိုတာကိုမင်းယုံလား? ကလေးဘဝကနေစပြီးရေးထားတာမို့မကြိုက်ရင်မဖတ်ဖို့ကြိုပြောပါရစေ🤧❤️