စုံညီပွဲကျင်းပရန်(၃)ပတ်အလို
စုံညီပွဲကျရင်ကဖို့အတွက် ကဗျာလွတ်အကကို
ဒီနေ့စသင်ရမည် စိတ်ထင်တိုင်းလျှောက်လုပ်တတ်သည့် ကြယ်စင့်အကျင့်ကြောင့် အခုလည်းကိုယ်စိတ်မပါသည့် ကဗျာလွတ်အကကို သင်ရပေဦးမည်"သမီးတို့ရေ ဆရာမကဒီနေ့အခြေခံလေးတွေအရင်သင်ပေးမယ်နော်"
"ဟုတ်ဆရာမ"
"စုံညီပွဲကျရင်ကချင်တဲ့သူတွေကအရမ်းများတော့ ပွဲမရောက်ခင်တစ်ပတ်အလိုမှာ ဆရာမလူပြန်ရွေးမယ်နော် အခုကတော့အကုန်လုံးကိုသင်ပေးမယ် သေချာလိုက်သင်ကြနော်"
ဆရာမလူပြန်ရွေးမယ်လို့ပြောလိုက်တော့ ဖူးမြတ်က
"ဆရာမ လူကဘယ်နှစ်ယောက်ရွေးမှာလဲဟင်"
"အခုသမီးတို့က၁၂ယောက်ရှိတယ်မလား
စင်ပေါ်မှာကအဲ့လောက်မဆံ့ဘူးလေ အဲ့တာကြောင့်ဆရာမက ၈ယောက်ပြန်ရွေးမယ်နော်""အဲ့တာဆိုကျန်တဲ့၄ယောက်ကကောဟင်"
"ရွေးထားတဲ့လူတွေမကနိုင်တော့တာတို့ အဲ့နေ့မလာနိုင်တော့တာတို့ဆိုရင် ကျန်တဲ့၄ယောက်ကိုဝင်ကခိုင်းဖို့ အရံအနေနဲ့ထားမှာ"
"ဟုတ်ဆရာမ"
ဆရာမလည်းပြောစရာရှိတာတွေပြောပြီးကဗျာ
လွတ်အကကို သေချာသင်ပေးသည် အကသင်ရတာအဲ့လောက်မခက်ပေမယ့် ကျောင်းတက်ချိန်တစ်ချိန်လုံးမှာ စာလည်းသင်ရ အကလည်းသင်ရဆိုတော့ ကြယ်စင်(D)ခန်းဘက်သွားပြီး ခေတ်သစ်ကို ကြည့်ချိန်အရင်ကလောက်မရတော့ညဘက်စာကျက်ဝိုင်းတွင်
"ဟဲ့ကြယ်စင် ငါနင့်ကိုပြောစရာရှိလို့"
"အေးမိုးယံ ပြောလေ"
"ငါနင့်ကိုကြိုက်လို့"
မိုးယံဆီကနေဒီစကားကိုကြားရတော့ ကြယ်စင်
သီတာ့ကိုပဲအရင်ပြေးမြင်မိသည် ပြီးမှမျက်နှာကိုခပ်တည်တည်ထားပြီး"ငါတို့ကအခုမှငါးတန်းပဲရှိသေးတာ ငယ်သေးတယ် ရည်းစားထားလို့မရသေးဘူး ပြီးတော့ငါလည်းနင့်ကိုမကြိုက်ဘူး"
ကြယ်စင်ပြောလိုက်တော့ မိုးယံလည်းဘာမှပြန်မပြောပဲတစ်ဖက်ကိုမျက်နှာလွှဲသွားသည်
ကြယ်စင်လည်းစိတ်ထဲမထားပဲ စာပဲကျက်နေလိုက်သည် မနက်ကျောင်းသွားတော့ အခန်းရှေ့မှာနဒီ ရပ်စောင့်နေတာကိုတွေ့သည်
YOU ARE READING
အချစ်ဦး
Romanceသို့မြတ်နိုးရသောလူသားလေးရေ..🤍 နှစ်တွေဘယ်လောက်ကြာကြာမင်းနာမည်လေးကြားရင်ခံစားချက်တွေထိန်းချုပ်လို့မရတော့တဲ့အထိ ကိုယ်မင်းကိုချစ်တယ်.. မေတ္တာတွေသာစစ်မှန်ရင် ရောင်ပြန်ဟပ်တယ်ဆိုတာကိုမင်းယုံလား? ကလေးဘဝကနေစပြီးရေးထားတာမို့မကြိုက်ရင်မဖတ်ဖို့ကြိုပြောပါရစေ🤧❤️