ဘဝတစ်လျှောက်လုံး လူပေါင်းမြောက်များစွာရဲ့ လေးစားခြင်း အားကျခြင်းတို့ကို ရရှိထားတဲ့ CEO တစ်ယောက်ကတော့ ဘာမဟုတ်တဲ့ ကလေးတစ်ယောက်နဲ့မှ လျစ်လျှူရှုခြင်းခံနေရသည်မှာ စိတ်ကသိကအောက်ဖြစ်စရာကောင်းလှ၏
ဘယ်လိုကောင်မလေးမျိုးလဲ
ထွက်သွားသောထိုကောင်မလေး၏ကျောပြင်ကိုကြည့်ရင်း သက်ပြင်းချလိုက်သည်
"Heyy Sana-Chan , Mitang"
Momo ရဲ့ခေါ်သံကြောင့် သူမအကြည့်တွေကိုလွှဲလိုက်ပြီး Dance Class အတွင်းသို့ဝင်လာခဲ့လိုက်၏
"မပေါ်လာတာကြာပြီနော်"
"အေးဟာ အလုပ်တွေရှုပ်နေတာနဲ့"
"ဒါနဲ့ ဟိုကောင်မလေးကိုအရင်မတွေ့ဖူးပါဘူး"
"ခုနကထွက်သွားတဲ့တစ်ယောက်လား"
"ဟုတ်တယ်"
ထိုကောင်မလေးအကြောင်းကြားတော့ ငြိမ်နေရာမှ စိတ်ဝင်တစား ခေါင်းမော့လာခဲ့သည်
"သင်တန်းသူအသစ်ပါ နာမည်က Chou Tzuyu တဲ့"
Chou Tzuyu ? ထိုနာမည်ကို ရင်းရင်းနှီးနှီးကြားဖူးနေသည် ဘယ်မှာကြားဖူးလဲတော့ စဉ်းစား၍မရ
ဘယ်လောက်ထိအတွေးလွန်သွားသည်မသိ ဘေးက Momo နဲ့ Mina ၂ယောက်ပြောသောစကားပင် နားထဲမဝင်လောက်အောင်ပင်
"Sana-Chan"
"ဟင်"
"ပြောနေတာတွေကြားလား"
"ဘာတွေပြောနေကြတာလဲ"
"ငါ့အတွက်တိုက်ခန်းတစ်ခန်းလောက်ရှာပေးလို့ရလားမေးနေတာ"
Mina ပြောတော့မှ အသိစိတ်ပြန်ဝင်လာခဲ့၏
"အော် အေး ရှာပေးမယ်လေ မခက်ခဲပါဘူး ဒါနဲ့ ဘာလို့ ရှာခိုင်းနေတာလဲ"
"ငါနေဖို့ပေါ့ အိမ်မှာစာရေးရတာ အာရုံနောက်လို့"
သူငယ်ချင်း Mina Myoui ကတော့ Sharon အမည်ဖြင့် Korea တွင် နာမည်အကြီးဆုံး စာရေးဆရာမတစ်ယောက်ဖြစ်သည်
သူမ Fan အများစုကလဲ သူမရဲ့အရေးအသားကိုသဘောကျသလို သူမဘယ်လိုလူမျိုးလဲဆိုတာ မြင်ဖူးချင်ကြ၏

YOU ARE READING
Love Me Till the End
Fiksi PenggemarSana မင်းကတယ်နားလည်ရခက်တဲ့လူသားပဲ မင်းကိုယ်တိုင်သော့ခတ်ထားတဲ့ မင်းရဲ့ နှလုံးသားကို ငါဘယ်လို ဖွင့်ကြည့်ရမှာလဲ Tzuyu အချစ်ကပူလောင်တယ် ငါ့အတွက် အချစ်ကိုစဉ်းစားချိန်မရှိဘူး ဘဝကြီးက ထင်သလောက်မလွယ်ခဲ့ဘူး