ခံစားမှု့နဲ့နားလည်ခြင်းအလျင်းမရှိသောအချစ်
တဂျီဂျီနဲ့ ရုပ်သံလိုင်းတစ်ခုမှာ
လတ်တလောအခြေအနေရ နယ်သာလန်မြို့မှာ ရာသီဥတုအလွန်ဖောက်ပြန်နေလို့ ဖုန်းလိုင်းများနဲ့ TV လိုင်းများ ပျက်တောက်နိုင်မယ်ဖြစ်ကြောင်းသတင်းမှာကြေငြာနေပြီး အိမ်ထဲကအိမ်ပြင်မထွက်ဖို့ကိုလည်းသတိပေးနှိုးဆော်သံတွေဆူညံလို့နေသည်။
သူတို့ကတစ်ကိုယ်ကောင်းဆန်လွန်းကြသည်။ ဘယ်သူ့မှလည်းဝိုင်းမခံစားပေးနိုင်ကြဘူး
ပြိုလဲနေတဲ့နှလုံးသားလေးကိုကြ ဘာလို့ အဲ့လိုရုပ်သံလိုင်းတွေမှာမဖော်ပြရတာလဲJeon jung kook ဆိုတဲ့လူက
သူ့ယောက်ျား ကို နယ်သာလန်မှာ
ရောင်းစားခဲ့ပါတယ်လို့ ရုပ်သံလိုင်းတစ်ခုလောက်မှာကြေငြာပေးရင်ဘယ်လောက်တောင်ကောင်းလိုက်မလဲ" Park jimin ထွက်သွားလို့ရပြီ
ရောင်းစားခံရတဲ့နှစ်ပြည့်သွားပြီ "အချိန်နဲ့အမျှ အလုပ်တွေတနင့်တပိုးနဲ့
အိပ်ချိန် ငါးနာရီတောင်မပြည့်ပဲ နေလာရတာ
ဒီနေ့ဆို ရောင်းစားထားတဲ့စာချုပ်ပြည့်လို့လွတ်လာခဲ့ပြီသုံးနှစ်လောက်အကြာမှာ
ထောင်ကျခံထားရတဲ့လူတစ်ယောက်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သလို
အိမ်ပြန်ခွင့်ရခဲ့၏ ရာသီဥတု
ဆိုးဆိုးရွားရွားဖြစ်နေတဲ့အချိန်ဖြစ်တာကြောင့်
လမ်းမပေါ်မှာလူတွေရှင်းလင်းလို့နေ၏
မိုးဖွဲဖွဲရွာနေပြီးတချို့နေရာတွေဆိုရေ
တွေအိုင်နေတာကိုမြင်နေရသည်။ခေါင်းထဲတစ်ပတ်လည်ရိုက်နေတဲ့
လက်တလောအတွေးတစ်ခုက
ငါဘယ်ကိုများခြေ ဆန့်ရမလဲသွားစရာနေရာရယ်လို့မယ်မယ်ရရမရှိ
မိဘဆွေမျိုးအသိုင်းအဝိုင်းဆိုတာလည်း
ကြားဖူးရုံလောက်ပဲရှိတဲ့တစ်ကောင်ကြွက်ဘဝမို့
ယောင်လည်လည်သာဖြစ်လို့နေသည်။အဖမ်းမခံရခင်ကနောက်ဆုံးလွယ်ခဲ့တဲ့
ဝါကျစ်ကျစ်အဝါရောင်အိတ်လေးကို
လွယ်ပြီးနယ်သာလန်မြောက်ဘက်ပိုင်းက
အရင်နေထိုင်ခဲ့တဲ့နှစ်ထပ်အိမ်အပုလေးကို
သွားလို့နေသည်။ ငါ့ယောက်ျားအိမ်ထဲမှာရှိနေအုန်းမှာလား...