Ep-2

1K 141 4
                                    

နယ်သာလန်မြောက်ပိုင်းကနှစ်ထပ်အိမ်လေး

အလုပ်ပိတ်ရက်ဖြစ်တာကြောင့်
မနက်စောစောထပြီးဂျောင်ကုနဲ့သမီးလေးရဲ့
အဝတ်တွေကိုအိမ်ရှေ့ကအုတ်ကန်မှာ
သွားလျှော်ဖြစ်ခဲ့တယ်

ရပ်ကွပ်သူရပ်ကွက်သားတွေက
ဂျီမင်အဝတ်ထိုင်လျှော်နေတဲ့ကန်ကို
ကျော်ကျော်ပြီးစျေးဝယ်ထွက်ကြရင်း
သူ့ကိုပါနှုတ်ဆက်သွားကြသေး၏
နေတာကြာလာတော့ရက်ကွက်ထဲကလူကြီးလူငယ်မရွေးဂျီမင်တို့မိသားစုလေးနဲ့
ရင်းနှီးလို့နေပြီ။ အုတ်ကန်ကနေ
လှမ်းကြည့်ရင်မြင်နေရတဲ့
နှစ်ထပ်အိမ်အပုလေးကြောင့်
ဘာရယ်မဟုတ်ပြုံးမိသွားသေးသည်။
ယင်းအိမ်ကဂျောင်ကုရဲ့အရင်မိန်းမ
Nadi ကိုယ်တိုင်ဂျောင်ကုနာမည်နဲ့ဝယ်ပေးခဲ့တဲ့အိမ်လေး.....

ကပ်နေရသူကမိသားစုအသစ်ထဲဝင်ရောက်လာခဲ့တဲ့ပတ်ဂျီမင်သာ

ဂျောင်ကုရဲ့ဘဝလေးထဲရောသမီးလေးရဲ့
ဘဝလေးထဲကိုပါအတင်းစွတ်ဝင်
လာတဲ့အဆိုးအသွမ်းကောင်လေးလို့
မောင်ကတစ်ခါတလေစဖူးတယ်။
အစပိုင်းတော့စိတ်ဆိုးတာပေါ့ ကိုယ့်လိုလူပျိုလေးကကလေးတစ်ယောက်အဖေ
ဂျွန်ဂျောင်ကုကိုချစ်ခဲ့ရတာနစ်နာမှု့တွေချည်းပဲ
သာတယ်နာတယ်သဘောမထားပဲ
ငါသူ့ကိုချစ်တာပဲလို့စဥ်းစားမိပြန်တော့
မောင်စရင် ငါကတဟီးဟီးနဲ့ကျေနပ်သွားပြန်သည်။

Nadi ကမောင့်ရဲ့အချစ်ဦးမို့
သိမ့်ချစ်ခဲ့တာပဲလားမေးရင် မောင်က

"သူမသမီးလေးကိုမွေးအပြီးအသက်ထွက်
သွားချိန်ထိသူမကိုချစ်ခဲ့ပေမဲ့မောင့်ယောက်ျားလေးရောက်လာထဲကမောင်က
မင်းမှမင်းပဲ " ဆိုပြီးငါ့အသဲကိုဟက်တပ်ကြီး
ခွဲခဲ့သေးတယ်

" ဂျီမင် စျေးမှာအုန်းမလား "

" မမှာတော့ပါဘူး တီလေးရယ်
မနက်စာတွေကအစအဆင်သင့်ဖြစ်နေပြီ "

" ဒီကိုရီယားသူငယ်ကတော့
ယောက်ျားဖြစ်သူကိုချစ်တတ်တာလွန်ပါရော
သတိလည်းထားအုန်းဟေ့ဆောင်းတွင်း
ဘက်ကြီးကိုမနက်အစောကြီးအဝတ်လျှော်
နေတယ်လေဖြတ်သွားအုန်းမယ် "

𝗡𝗲𝘁𝗵𝗲𝗿𝗹𝗮𝗻𝗱𝘀 _ Completed Where stories live. Discover now