အတိတ်မှပြန်ရောက်လို့လာခဲ့ပြီ
_________
" ခွဲစိတ်လိုက်တာကတော့အကောင်း
ဆုံးပါပဲ မတည့်ဆေးမိထားတာဆိုတော့
အများဆုံးခံ ၆လ မဟုတ်ရင်တစ်နှစ်လောက်ပဲ"ဆရာဝန်ပြောလိုက်တဲ့စကားတွေက
ယင်ကောင်တစ်ကောင်တဝီဝီနဲ့
နားပတ်လည်မှာ ဒုက္ခ ပေးနေသလို
ဖြစ်နေသည်။နယ်သာလန်လိုနိုင်ငံကြီးတွေမှာ
ခွဲစိတ်ကုရမယ်ဆိုတဲ့စကားကလက်လုပ်လက်စားဘဝတွေကိုလှောင်နေသလိုပဲ
ဘယ်လိုလုပ်အဲ့လောက်များတဲ့ငွေပမာဏရှိပါ့မလဲဆန်အိုးထဲတောင်ဆန်မဖြည့်နိုင်သေးတဲ့
လကုန်ရက်မို့ ဂျီမင်ခေါင်းခဲနေရတဲ့အထဲ
သမီးငယ်ရဲ့အသဲအသန်အခြေအနေတွေက
ကပေါက်ကချော်ဖြစ်လို့လာ၏။လကုန်ရန်တစ်ပတ်အလို....
ကျောင်းမှကာကွယ်ဆေးထိုးပြီး
အိမ်ပြန်လာချိန်ထိပါးပါးရဲ့မင်းသမီးလေး
ကပြုံးပြုံးပျော်ပျော်နေနေဆဲပင်
အစာလည်းကောင်းကောင်းမွန်မွန်စားပြီး
ဆော့လည်းဆော့ခဲ့တယ်။ ပါးပါးနဲ့ဂျောင်ကုကြားမှာလည်းခွေးပေါက်လေးက
ဝင်လူးလွန့်ရင်းပျော်မြူးနေခဲ့တယ်ညဦးပိုင်းမှာအမောဖောက်လို့
ဆေးရုံအပြေးတင်ခဲ့ရသည်။ ဆေးရုံရောက်တော့ဆရာဝန်တွေပြောပြချက်အရ
နှလုံးအပေါက်ကမတည့်တဲ့ကာကွယ်ဆေး
အရှိန်ကြောင့်ဘေးအသားတွေပါ
ထိခိုက်နေပြီလို့ပြော၏လိုအပ်တဲ့စစ်ဆေးမှု့တွေလုပ်အပြီး
ည ၂နာရီထိုးပြီဖြစ်လို့နာရီစင်မှဒေါင်ကနဲ
မြည်သံထွက်ပေါ်လာပြီ။ နောက်နေ့မနက်ပိုင်းမှာအရေးပေါ်ခွဲစိတ်မှု့လုပ်ရန်
ပိုက်ဆံအဆင်သင့်ကိုင်ထားရမည့်အကြောင်းနဲ့
လူနာရှင်သဘောတူညီကြောင်း
လက်မှတ်လာထိုးပြီးအထူးလူနာ
ကြည့်ကြပ်ရေးဆောက်မှာတစ်ညစောင့်ကြည့်နေကြ၏။"ငါ့ကိုနယ်သာလန်မှာရောင်းစားလိုက်ပါမောင်"
မောင်ဘာမှပြန်မပြောနိုင်လောက်အောင်
ရင်ထဲစို့နေမယ်ဆိုတာကိုသိတယ်
မောင့်မျက်ဝန်းတွေထဲအရမ်းတွေကြေ ကွဲ
နေတဲ့မှန်ကွဲစလေးလိုအလဲလဲ ပြိုကျနေပြီ
ငါ့ကိုရောင်းစားလိုက်ပါမောင်ရယ်
မလုံလောက်တဲ့ပိုက်ဆံအတွက်မကောင်းတဲ့အလုပ်လုပ်စားမှာထက်စာရင်တစ်စုံ
တစ်ဦးဆီမှာကျွန်ခံပြီးစားရတာကပိုမြတ်ပါတယ်။
YOU ARE READING
𝗡𝗲𝘁𝗵𝗲𝗿𝗹𝗮𝗻𝗱𝘀 _ Completed
Fiksi Penggemarစာတိုက်ပုံးလေးလည်းသံချေးတက်လို့ပျက်စီးနေခဲ့ပြီ