Sun Flower - Part 2 (Final)

285 54 12
                                    

နောက် ခုနစ်နှစ်ကြာပြီးချိန်မှာတော့ Atsumu က နယ်က ခပ်သေးသေးဆေးရုံတစ်ခုမှာ ဆရာဝန်လုပ်နေပြီ။ ဂျီကျတဲ့ကလေးတွေကိုဆို စိတ်မရှည်ပဲ အမြဲအော်ငေါက်ပြီး ဆေးတိုက်ဆေးထိုး လုပ်ပေးတတ်ကာ ပြီးမှ ‌ချိုချဥ်ကျွေးတတ်တဲ့ ဆရာဝန်မျိုးပေါ့။ ဆေးရုံမှာ ဝုန်းဒိုင်းကြဲတဲ့ လူတွေလာရင်လည်း ပြန်ပြီး ဝုန်းဒိုင်းကြဲပြကာ နောက်မှ ဆေးထည့်ပေးတတ်တဲ့ ဆရာဝန်မျိုး။

လက်ရဲ ဇတ်ရဲနဲ့ မျက်နှာထားခပ်တည်တည်ကိုမှ ငယ်ရွယ်ပြီး ချောမောတဲ့ သူ့နားမှာ ပျိုမဒီတွေဝိုင်းဝိုင်းလည်နေတတ်ပေမယ့် သူကတော့ နေရောင်ခြည်တစ်စကိုပဲ မလွတ်တမ်းဖက်တွယ်နေဆဲ လူတစ်ယောက်ပေါ့။

ဒီနေ့လည်း ထုံးစံအတိုင်း Atsumu round လှည်နေတယ်။ ထိုအချိန်မှာပဲ ဆူဆူညံညံဖြစ်ကာ လူနာတင်ကားနှစ်စီးက ရှေ့ဆင့်နောက်ဆင့်ဝင်လာတယ်။

ဖြစ်နေကျမို့ Atsumu အသင့်ပြင်လိုက်တယ်၊ သူတို့နယ်မြို့လေးက လမ်းခရီးကြမ်းတာကြောင့် ဒီလိုမျိုး ကားတိုက်မှုတွေက အနည်းဆုံးတစ်လကို တစ်ခေါက်ဖြစ်လေ့ရှိတယ်။

ဒါပေမယ့် သူမမျှော်လင့်ထားတာကတော့ လူနာတင်စင်တစ်ခုပေါ်မှာ နေရောင်ခြည်လို နွေးထွေးတဲ့ ဆံပင်လိမ္မော်ရောင်တွေပါလာတာပဲ။

သို့ပေတိ ဆံပင်တွေက လိမ္မော်ရောင် စစ်စစ်တော့မဟုတ်တော့ မျက်နှာကနေ စီးဖြာကျနေသည့် ရဲနေသည့် သွေးတွေက အရောင်စပ်နေတယ်။ တစ်ဖက်ထမ်းစင်ကလည်း ဆံပင်နက်ပြာရောင်နဲ့ သွေးရောင်လွှမ်းနေတဲ့ကောင်လေး..... မမှားနိုင် သူတို့ပဲ။

Emergency Case ဆရာဝန်ကြီးတွေ ကိုယ်တိုင်ကိုင်ကြတယ်။ Atsumu ကတော့ ကံကောင်းတာလားဆိုးတာလားမသိ၊ သူ့နေရောင်ခြည်လေးကို ခွဲစိတ်မည့်အဖွဲ့ထဲရောက်သွားတာ။

သူ့အရင်ပုံရိပ်နဲ့ မဆိုင်စွာတုန်လှုပ်နေတဲ့ သူ့ကိုသတိထားမိကြသူတွေကလည်း အများသား..... ဘာကိုမှမကြောက် လက်ရဲဇတ်ရဲနဲ့ ဒီဆရာဝန်လေးက ဒီတစ်ယောက်ကို မြင်တာနဲ့ လက်တွေ တုန်နေတာများ မြင်လို့ကိုမကောင်း။

သေချာစစ်ဆေးကြည့်လိုက်တော့ အကုန်လုံးက မိုင်နာဒဏ်ရာလောက်ပဲဆိုတာတွေ့ရတော့ Atsumu သက်ပြင်းခပ်ဖွဖွချတယ်။ ဆရာဝန်ကြီးတွေပြောတာကတော့ ဟိုကောင်လေးက သူ့ကို လုံးဝကာကွယ်ပေးခဲ့ပုံပဲတဲ့။ Atsumu ဒီတစ်ခါတော့ သူ့ဆုံးဖြတ်ချက်မှန်တယ်ဆိုတဲ့ သက်ပြင်းကို ပြန်ထုတ်တယ်။ ဒါပေမယ့် တစ်ခုတည်းသော ဒဏ်ရာကတော့ မျက်ကြည်လွှာက ပျက်စီးသွားပြီတဲ့။

One Shots CollectionsOnde histórias criam vida. Descubra agora