Chapter 17

435 52 9
                                    

Unicode

ပြန်လမ်းကြယ်ဝေစောင်းကြိုးပြေ Chapter 17

ဝမ်သခင်က ဆက်ခံသူကိုကြေညာလို​က်တယ်

ညဥ့်နက်လာသောအခါ ဝမ်ရှန်း သည် သူ့အိမ်တော်ငယ်ဆီသို့သူပြန်သွားပြီး ဝူရှန်းကလည်း အခန်းကိုပြန်သွားသည်။

ရှောင်ရှင်းသည် ဝမ်ရှန်းကိုနှုတ်ဆတ်ပြီး မီးအိမ်များထိန်နေအောင်ထွန်းညှိထားသော အိမ်တော်တွင်းတွင် တစ်ယောက်တည်း လမ်းလျှောက်လာသည်။ တစ်ခုခုကိုစဥ်းစားတွေးတောနေဟန်ပေါက်သော ရှောင်ရှင်း၏ ပုလဲနက်မျက်လုံးလေးများသည် လရောင်အောက်တွင် တဖိတ်ဖိတ်လက်ကာတောက်ပနေ၏။ သူ၏ခြေလှမ်းများသည် ဝမ်သခင်၏ အိပ်ဆောင်ဆီသို့ တဖြည်းဖြည်းချဥ်းကပ်သွားသည်။

ဝမ်သခင်၏အိပ်ဆောင်အရှေ့သို့ရောက်သောအခါ အဆောင်ထဲတွင်မီးများမှိတ်ထားသည်ကိုတွေ့ရသည်။ ဝမ်သခင် အိပ်ပျော်သွားပြီထင်၏။

ရှောင်ရှင်းသည် အဆောင်ရှေ့တွင် ခဏတာမျှရပ်နေသေးသည်။ ထို့နောက်တော့ အဆောင်ရှေ့ရှိလှေကားထစ်လေးများအပေါ်တက်ကာ ဝမ်သခင်၏အိပ်ဆောင်အတွင်းသို့ဝင်သွားပါတော့သည်။ အထဲကိုရောက်သောအခါ သူသည် မီးအိမ်များအားလုံးကိုပြန်လည်ထွန်းညှိလိုက်သည်။ ထိုအခါ ကြီးမားကျယ်ပြန့်သော ဝမ်သခင်၏ အိပ်ဆောင်တစ်ခုလုံးသည် မီးရောင်များဖြင့် ထိန်ထိန်လင်းသွား၏။ ရွှေအိုရောင်နံရံကပ်စက္ကူများကို လာရောက်ထင်ဟပ်နေသော မီးရောင်များ၏အလင်းကြောင့် ဝမ်သခင်လည်း အိပ်နေရာမှ နိုးလာတော့သည်။

ဝမ်သခင်သည် မျက်လုံးများပွတ်ကာနိုးလာသည်။ ထို့နောက် ခုံတစ်လုံးပေါ်တွင် ခြေကိုချိတ်ကာထိုင်ရင်း သူ့ကိုကြည့်နေသည့် ရှောင်ရှင်း ကိုမြင်လိုက်ရ၏။ ထိုအခါ ရုတ်တရက်အံ့သြမှင်သက်သွားမိသော ဝမ်သခင်သည် မျက်မှောင်ကုတ်ကာ ထလိုက်သည်။ ထို့နောက် သိပ်ပြီးစိတ်ရှည်ဟန်မရှိပါသော လေသံဖြင့် ရှောင်ရှင်းကိုမေး၏။

"ဘာလုပ်နေတာလဲ ညကြီးမင်းကြီး။"

ရှောင်ရှင်းသည် နှုတ်ခမ်းစွန်းများကိုမြှောက်ပင့်လိုက်ရင်းပြုံးလိုက်သည်။ ထို့နောက်ပြော၏။

ပြန်လမ်းကြယ်ဝေ စောင်းကြိုးပြေ (BL OC) Complete Where stories live. Discover now