Chapter 24

363 45 0
                                    

Unicode

ပြန်လမ်းကြယ်ဝေစောင်းကြိုးပြေ Chapter 24

တစ်စုံတစ်ယောက်ကတော့နောင်တအကြီးအကျယ်ရသွားတယ်

"အစ်ကိုရှန်း... ။ ရှစ်ဖူရော... ။"

ဝူရှန်းကမေးသောအခါ ဝမ်ရှန်းသည်နတ်ကွန်းရှိရာဆီကို လှမ်းကြည့်ပြီးဖြေလိုက်သည်။

"ရှစ်ဖူ.. ။ အကျဉ်းတိုက်ထဲဝင်သွားတယ်။"

"ဟုတ်လား။ ကပ်လွဲသွားတာပဲ။"

"ဘာဖြစ်လို့လဲ။"

ဝူရှန်းသည် ဝမ်ရှန်း၏အမေးကိုမဖြေခင် သူ့လက်ထဲတွင်ရှိသည့် စာတစ်စောင်ကိုအရင်ပေးလိုက်သည်။ ထို့နောက်မှပြော၏။

"စောင်းကြိုးနီမြို့ကစာတစ်စောင်ရောက်လာတယ်။ အကူအညီလိုလို့တဲ့။"

"စောင်းကြိုးနီမြို့.... ။"

ဝမ်ရှန်းသည် အချိုးညီစွာခေါက်ထားသည့်စာရွက်ဖြူလေးကိုဖွင့်ဖတ်လိုက်၏။ ထို့နောက်စာဖတ်ရင်းမေးလိုက်သည်။

"ဘယ်အိမ်တော်ကခေါ်တာလဲ။"

"အိမ်တော်ကမဟုတ်ဘူး။ အဲဒီမြို့မှာရှိတဲ့ ချင်းရွှယ်ဂိုဏ်းကခေါ်တာ ...။ အဲဒီမြို့မှာ ပြစ်မျိုးခုနှစ်သွယ်နတ်မိစ္ဆာတစ်ကောင်သောင်းကျန်းနေတာကြာပြီတဲ့။ ပြီးခဲ့တဲ့နှစ်ကအဲဒီထဲကနတ်မိစ္ဆာတစ်ကောင်ကို အစ်ကိုဖမ်းခဲ့ဖူးတယ်မလား။"

ဝမ်ရှန်းသည် စာရွက်ကိုပြန်လည်ခေါက်သိမ်းလိုက်၏။ ထို့နောက်မှ ဝူရှန်းမျက်လုံးများကိုကြည့်ကာဖြေသည်။

"ဟုတ်တယ်။ အရင်နှစ်ကတစ်ကောင်ဖမ်းခဲ့တယ်။ ဒါပေမဲ့ အဲဒီတုန်းကတောင်ဘက်ပိုင်းနယ်မြေမှာဖမ်းခဲ့တာပါ။ အခု စောင်းကြိုးနီမြို့ကမြောက်ဘက်စွန်းပိုင်းက.. ။"

"အစ်ကိုရောက်ဖူးလား..."

ဝမ်ရှန်းသည်ခေါင်းကိုခါယမ်းလိုက်သည်။

"စောင်းကြိုးနီမြို့ကိုတော့မရောက်ဖူးသေးဘူး။ တော်တော်ဝေးတယ်လေ။"

"အဲဒီမိစ္ဆာနဲ့တိုက်ခိုက်ရတာရော ဘယ်လိုနေလဲ။ ပြင်းထန်လား..."

သိလိုစိတ်နှင့်မေးမြန်းနေသော ဝူရှန်းကိုကြည့်ရင်း ဝမ်ရှန်း သည် ထိုစဉ်က နတ်မိစ္ဆာအားလိုက်လံဖမ်းဆီးခဲ့ပုံကိုပြန်လည်မြင်ယောင်လာမိသည်။ ထိုပြစ်မျိုးခုနှစ်သွယ်နတ်မိစ္ဆာ ဆိုသည်မှာကား ကောင်းကင်ဘုံ၏အပြစ်ဒဏ်ပေးခြင်းကိုခံရကာ လူ့ပြည်ကိုဆင်းသက်လာရသည့် နတ်သူငယ်မျိုးနွယ်ဝင်များဖြစ်ပြီး လူတို့နှင့်ဝေးရာတွင်နေထိုင်လေ့ရှိသည့် မိစ္ဆာနွယ်ဝင်တစ်မျိုးဖြစ်သည်။ ရှားပါးကာစွမ်းအင်ကြီးမားသည့် ထိုမိစ္ဆာများသည် ဆင်ခြင်တုံတရားနည်းပါးကာ အမုန်းတရားကြီးမားလှသောကြောင့် လူ့လောကထဲသို့ဝင်ရောက်၍မရပါစေရန် ကျင့်ကြံသူများက အကာအရံများချကာတားဆီးထားတတ်ကြသည်။ မိမိကိုယ်ကိုမေ့လျော့ခြင်း၊ မိမိစွမ်းအင်ကိုမေ့လျော့ခြင်း၊ ချစ်ခြင်းမေတ္တာကိုမေ့လျော့ခြင်း၊ လိုအင်ဆန္ဒကိုမေ့လျော့ခြင်း၊ အတိတ်ကိုမေ့လျော့ခြင်း၊ အိမ်ပြန်လမ်းကိုမေ့လျော့ခြင်း၊ ပျော်ရွှင်မှုကိုမေ့လျော့ခြင်း စသည့် ပြစ်ဒဏ်ခုနှစ်မျိုးကိုသယ်ဆောင်ကာ နှစ်ပေါင်းခုနှစ်ရာတိတိရှင်သန် နေရသောထိုမိစ္ဆာများသည် အထီးကျန်လှကာ အမုန်းတရားကြီးမားလှသော နတ်မိစ္ဆာများပင်ဖြစ်သည်။

ပြန်လမ်းကြယ်ဝေ စောင်းကြိုးပြေ (BL OC) Complete Where stories live. Discover now