Part 9

2.7K 176 5
                                    

LMBYG ( Part 9 )

Zawgyi
-----------

ရိပေါ် ရုံးကအပြန် ကားကို ခြံထဲမောင်းဝင်လိုက်တော့ ခြံထဲမှာ စကား​ပြောရင်း သူ့ကိုစောင့်နေကြတဲ့ ပါးနဲ့မားကို တွေ့လိုက်ရတယ် ။

" သား ရိပေါ် စကားခဏပြောရအောင် ပါးနဲ့မား သားကို ပြောစရာလေးရှိလို့ "

" ဟုတ်ကဲ့ ပါး "

ပါးပြောလာတဲ့ စကားကြောင့် ရိပေါ်လည်း ပါးနဲ့မားရဲ့ နောက်ကနေ ဧည့်ခန်းထဲကို လိုက်သွားလိုက်တယ်
ဧည့်ခန်းထဲမှာ ထိုင်မိတော့မှ  ...

" ပါး ကျွန်တော့်ကို ပြောစရာရှိတယ်ဆိုတာက "

" အင်း အရင်ဆုံး ပါးသိချင်တာက ငါ့သားမှာ ချစ်သူရှိနေပြီလား "

" မရှိသေးပါဘူး ပါး ... "

" အဲဒါဆို ပါးမိတ်ဆွေတစ်ယောက်ရဲ့ သမီးလေးနဲ့ သားကိုနေရာချထားပေးချင်တယ် "

" ဗျာ... "

ရိပေါ်တကယ်လန့်သွားမိတယ်...
သူက တစ်ယောက်သောသူကလွဲရင် ကျန်တဲ့သူတွေကို မချစ်နိုင်တော့တာ သူကိုယ်တိုင် အသိဆုံး ရိပေါ်အနေနဲ့ကတော့ ကိုယ်မချစ်တဲ့သူတစ်ယောက်နဲ့ တစ်သက်လုံး လက်တွဲမသွားချင်ပါ ...

" သားလေးရဲ့ သဘောကိုမေးကြည့်ပါအုံး အစ်ကိုရယ် ပြီးမှ ကျန်တာတွေ ဆက်ပြောပါ .. "

" ကိုယ်မေးမှာပါကွာ ရိပေါ် သားဘက်က ပါးတို့ စီစဉ်ပေးမယ့် ကိစ္စကို လက်ခံနိုင်လား "

" ဟိုလေ .. ပါး နဲ့ မား .. "

" ပြောလေ သားလေး မားတို့ကို ပြောချင်တာရှိရင် ပွင့်ပွင့်လင်းလင်းပြော "

" ကျွန်တော့်မှာ ချစ်သူမရှိဘူးဆိုပေမယ့် ကျွန်တော်ဘက်ကချစ်မိနေတဲ့သူတော့ ရှိတယ် မား "

" သားက ချစ်နေတယ်ဆိုတော့ သူကရော.. "

မားရဲ့ အမေးကို ရိပေါ် ဘယ်လိုဖြေရမှန်းမသိ ။
မသိဖူးဆိုတာထက် မဖြေရဲတာပါ ။
သူက ယောက်ျားလေးတစ်ယောက်ကို ချစ်မိနေမှန်းသာ သိသွားကြရင် သူ့မိဘတွေ ဘယ်လိုတုန့်ပြန်ကြမလဲ
ရိပေါ် မသိ ...

" မား ကျွန်တော်အမှန်အတိုင်းဘဲ ပြောပြပါ့မယ်
တကယ်တော့ သားချစ်နေမိတာက မိန်းကလေးတစ်ယောက် မဟုတ်ပဲ ယောက်ျားလေးတစ်ယောက်ပါ ... "

Let me be your Guardian ( Completed )Wo Geschichten leben. Entdecke jetzt