Part 22

2.6K 141 8
                                    

LMBYG ( Part 22 )

Zawgyi
-------------

" ရှောင်ကျန့်ရား ... "

" ဟောက်ရွှမ်း လာလေကွာ အိမ်ထဲကို "

" အေး ... "

ရုံးပိတ်ရက်ကြီး မပြောမဆိုနဲ့ ရောက်လာတဲ့ ဟောက်ရွှမ်းကြောင့် ရှောင်ကျန့်လဲ အလုပ်ကို ခဏရပ်ထားရတယ် ။ အလုပ်ဆိုလို့ တခြားမဟုတ်ပါဘူး .. Online ကနေပြီး ဒီဇိုင်းနဲ့ ပတ်သတ်တာတွေ လိုက်ပြီးရှာကြည့်နေခြင်း .. သူဝါသနာပါလို့ ရွေးချယ်ထားတဲ့ အလုပ်တစ်ခုမှာ အကောင်းဆုံးဖြစ်နေချင်တာမလို့ အားတဲ့အချိန်တိုင်း သိသင့်သမျှတွေကို လိုက်ရှာပြီး လေ့လာနေတတ်တဲ့ အကျင့်လေး ရှောင်ကျန့်ဆီမှာ ရှိသည် ။

" ဟောက်ရွှမ်း အလုပ်က အဆင်ပြေလား .. "

" သားရီးကလဲကွာ ... တွေ့တာနဲ့ အလုပ်အကြောင်းဘဲ မေးနေမှာလား "

" ဟောဗျာ.. ငါက ဘာမေးရမှာလဲ "

" ရည်းစားရနေပြီလားတို့ ဘာတို့ မေးစမ်းပါအုံး "

" တစ်သက်လုံးမစွံမယ့် FA ကောင်ကများ .. မေးလဲ ရည်းစားရှိမှာမှတ်လို့ "

" မင်းကလဲကွာ .. "

" ဒါနဲ့ မင်းတစ်ယောက်ထဲလာတာလား ကောချန်ရော "

" သူက နောက်မှာလိုက်လာလိမ့်မယ် "

တအောင့်ကြာတော့ ကောချန်ရောက်လာတယ် ။ သူတစ်ယောက်ထဲတော့ မဟုတ် .. ချင်းချင်းလဲ ပါလာတယ်

" ကောချန် မင်းနဲ့ချင်းချင်းက ဘယ်လိုလုပ် အတူတူရောက်လာတာလဲ "

" မင်းဆီလာခါနီး သူရောက်လာတာ ... သူပါလိုက်ခဲ့မယ်ဆိုတာနဲ့ ခေါ်လာလိုက်တာလေ "

" အော် မိတ်ဆက်ပေးရအုံးမယ် .. ချင်းချင်း ဒါ ငါတို့သူငယ်ချင်းဘဲ ဟောက်ရွှမ်းတဲ့ အထက်တန်းတုန်းကတော့ အတူတူတက်ကြတာ .. တက္ကသိုလ်ကျမှ မတူတော့တာလေ .. "

" ဝမ်ဟောက်ရွှမ်းပါ .. ရှောင်ကျန့်တို့နဲ့ ခင်သလိုဘဲ ခင်နိုင်ပါတယ် "

" ဟောက်ရွှမ်း သူက ချင်းချင်း .. ငါတို့နဲ့ အလုပ်မှာ အတူတူဘဲ .. ဒါပေမယ့် မင်းကတော့ ကြည့်ပေါင်းပေါ့ .. တော်ကြာ သူ့ကျေးဇူးနဲ့ ယောက်ျားရနေအုံးမယ် "

Let me be your Guardian ( Completed )Donde viven las historias. Descúbrelo ahora