LMBYG ( Part 28 )
Zawgyi
------------ရှောင်ကျန့်နဲ့ရိပေါ်တို့ လက်ထပ်ထားတာ ခြောက်လလောက်ရှိနေပြီ .. ကြားထဲမှာ နှစ်ယောက်သား စိတ်အခန့်မသင့်မျိုးတွေရှိကြပေမယ့် ခဏအတွင်းမှာဘဲ ပြန်ပြေလည်သွားတတ်တယ် ။ ဝမ်အိမ်မှာက ရှောင်ကျန့်နဲ့ ရိပေါ်ရယ် အလုပ်သမားတွေရယ်သာ ရှိတယ် ။ ဝမ်မားမားကတော့ ဝမ်ပါးပါးနဲ့အတူ ရှန်ဟိုင်းမှာလိုက်နေတယ်လေ ... တစ်လတစ်ခါလောက်သာ ပေကျင်းကို ပြန်လာကြတယ် ။
အခုကတော့ ရုံးပိတ်ရက်မလို့ နှစ်ယောက်သား ခြံထဲမှာထိုင်ပြီး စကားပြောနေကြတယ် ။
" အစ်ကို .. ကျွန်တော်တို့ ကလေးယူရအောင် .. "
" ကိုယ်တို့နှစ်ယောက်လုံးက ယောက်ျားလေးတွေလေ ငယ်လေးရာ .. "
" ဆေးပညာတွေ တိုးတက်နေတာဘဲကို .. "
" အန္တရာယ်များတယ် ငယ်လေး .. ကိုယ်သဘောမတူဘူး "
" အစ်ကို .. ပါးပါးနဲ့မားမားတို့ဘဲ သူတို့သားရဲ့ ကလေး .. သူတို့မြေးလေးကို လိုချင်ကြမှာဘဲလေ "
" ဟာကွာ .. ငယ်လေးရာ .. ကိုယ်ခွင့်မပြုချင်ဘူး .. ကိုယ်ခွင့်ပြုလိုက်လို့ ငယ်လေးတစ်ခုခုဖြစ်သွားရင် ကိုယ့်ကိုကိုယ်ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး "
" ကျွန်တော် ကိုယ့်ဘာသာ အများကြီးဂရုစိုက်မယ်လေနော် ... "
" ငယ်လေး .. ကိုယ်ပြောချင်တာက "
" အစ်ကို ကျွန်တော့်ကို မချစ်ဘူးလား ... "
အဲဒါပါဘဲ .. ရှောင်ကျန့်ရဲ့ အကောင်းဆုံး လက်နက်ကြီး .. လုပ်ချင်တာကို ခွင့်မပြုရင် ကျွန်တော့်ကို မချစ်ဖူးလားဆိုတာက မေးနေကျမေးခွန်း ... အဲဒီအချိန်တိုင်း ရိပေါ်က အမြဲအလျော့ပေးပြီး အလိုလိုက်နေကျ ...
" ချစ်တယ် ဒါပေမယ့် .. ဒီတစ်ခါတော့ ကိုယ်အလိုမလိုက်နိုင်ဘူး ငယ်လေး .. "
" အစ်ကို !! "
" ငယ်လေးရာ မဆိုးပါနဲ့ .. ကျန်တာ ဘာဖြစ်ဖြစ် ကိုယ်အမြဲတမ်း လိုက်လုပ်ပေးခဲ့တာဘဲကို .. "
" ကလေး လိုချင်တယ်လို့ .. "
" ကလေးလိုချင်ရင် မွေးစားကြမယ်လေကွာ .. "
YOU ARE READING
Let me be your Guardian ( Completed )
Fanfictionတစ်ခါမှ မချစ်ခဲ့ဖူးဘဲ မင်းနဲ့မှ ချစ်တတ်တာမလို့ ကိုယ့်ကို ယုံကြည်နိုင်ပါတယ် ကောင်လေး ... #wang_yibo ကျွန်တော့်ကို စိတ်လုံခြုံမှုပေးနိုင်တဲ့ သူမျိုးကိုဘဲ ကျွန်တော် လိုချင်မိတာပါ #xiao_zhan