Part 18

422 47 11
                                    

Zawgyi

ဒီနေ့ဟာ ကျွန်တော့်ရဲ့စာမေးပွဲ နောက်ဆုံးနေ့ပါ။ သူနဲ့လမ်းခွဲပြီးကတည်းက
သူ့ဖုန်းကိုလဲ မကိုင်တော့သလို ကျွန်တော်ကိုယ်တိုင်လဲသူ့ကိုစမခေါ်ဖြစ်တော့ပါ။ သူစာတွေပို့လာလဲ ကျွန်တော်စာမပြန်တော့ပါ။ ကိုယ့်စိတ်ကိုပိုင်းဖြတ်ကာ နေတတ်သလိုသာနေသည်။ ဒါပေမယ့် ကျွန်တော်ဘယ်လောက်ပဲစိတ်ပိုင်းဖြတ်ထားထား မသိစိတ်ကတော့ လွမ်းနေတတ်သည်ဆိုတာ ဘယ်သူမှမသိနိုင်။ တိုက်ဆိုင်မှုတွေရှိတိုင်းလဲ သူ့ကိုသတိရမိသည်။

သူ့ဖုန်းကိုကျွန်တော်မကိုင်ဘူး။ သူ့စာကိုကျွန်တော်မပြန်တော့ သူကျွန်တော်လမ်းထိပ်ထိရောက်လာသည်။ ကျွန်တော်ကျောင်းသွားချိန်ဆိုသူလမ်းထိပ်မှာ လာစောင့်နေတတ်သည်။ ဒါကြောင့်လဲ အခုနောက်ပိုင်းကျောင်းကိုစော၍သွားနေရသည်။ စာမေးပွဲကလဲဖြေနေရသည်ဆိုတော့ အဆင်ပြေပါတယ်လေ။ စာကိုသာအာရုံတစိုက်လုပ်လိုက်။ ခပ်စောစောကျောင်းကိုသွားလိုက်နှင့် အဆင်တော့ပြေနေသည်။ တစ်ခါတလေ လွမ်းမိတာမှအပပေါ့လေ။

"ဟေးး Kyung လေး "

"Beak. "

"တို့တွေစာမေးပွဲ ပြီးသွားပြီးဆိုတော့ ရာထူးတိုးပြီးပေါ့ တစ်နှစ် "

"ဖြစ်ရမယ် "

"ပြောချင်တာကအဲ့ဒါမဟုတ်ဘူး။ မုန့်သွားစားရအောင် စာမေးပွဲပီးချင်အထိန်းအမှတ် "

"မင်းကျွေးမှာမို့လို့လား "

"ဟိုမှာလေ..... "

Baekhyun မေးငေါ့ပြရာကိုသူကြည့်လိုက်တော့
Chen တို့လင်လင်နှစ်ယောက်

"မသိရင် သူကျွေးမလိုလိုဘာလိုလိုနဲ့ "

"လာပါကွာ အဓိက က စားရဖို့ပဲ "

စားသောက်ဆိုင်ရောက်တော့ မှာစရာရှိတာမှာကြပြီး စကားစမြည်းပြောကြသည်။
သိပ်မကြာပါ။ ဆိုင်ထဲသို့ Jongin hyung နဲ့သူဝင်လာသည်။

Kyungsoo မျက်နှာအနည်းငယ်တော့ပျက်သွားမိသည်။ အမှန်ဆို ကျွန်တော်တို့ပြဿနာဖြစ်ခဲ့သည့်ကိစ္စကို သူတို့သိပါလျက်နှင့်

သူကကျွန်တော့်ရှေ့ခုံမှာထိုင်လာသည် ။

"ငါပြန်တော့မယ် "

I Love You But Dislike (completed)Where stories live. Discover now