Zawgyi
လေးလံနေတဲ့ခေါင်းကို လက်နဲ့ဖိကိုင်ပြီး မျက်လုံးကိုအားတင်းဖွင့်ကြည့်လိုက်တော့ အခန်းမီးရောင်မှိတ်မှိတ်နှင့်။ ဘေးပတ်ပတ်လည် ဝေ့ရမ်းကြည့်လိုက်မိတော့ အခန်းထဲမှာသူတစ်ယောက်တည်းသာ။ သူကုတင်ပေါ်မှအားယူထကာ အခန်းရဲ့ လသာဆောင်ဝရန်းတာဘက်ထွက်ကာ အပြင်သို့လှမ်းကြည့်လိုက်သည်။ မျက်မှန်မပါတာတောင် ကောင်းကောင်းတော့မမြင်ရ။ သူကုတင်ဘေးကခုံပေါ်မှမျက်မှန်လေးကိုကောက်တပ်ကာ အခန်းပြင်သို့ထွက်လာမိလိုက်သည်။ ဟိုကြည့်သည်ကြည့်နှင့် ကမ်ခြေဘက်လျှောက်သွားကာ ခနအကြာမှာတော့ သောင်ပြင်ပေါ်မှာ ထိုင်နေသော သူရဲ့လူကြီး။ သူရှိရာလျှောက်သွားကာ သူထိုင်နေသည့်နေရာမှာထိုင်ချလိုက်သည်။
"အော် ကလေးငယ် နှိုးလာတာလား "
မျက်မှန်လေးကိုခနချွတ်ကာ မျက်လုံးလေးကိုလက်နဲ့ပွတ်ပြီး နှုတ်ခမ်းလေးဆူကာကြည့်လာသည်။
"လူကြီးက ဒီမှာဘာထိုင်လုပ်နေတာလဲ ။ ကျွန်တော့်ကိုကျအခန်းထဲတစ်ယောက်ထဲထားခဲ့ပြီးတော့ "
"မဟုတ်ပါဘူး ကိုယ်က ကလေးအိမ်နေတော့ ခနလေးလမ်းလျှောက်ထွက်လာတာပါ "
"အမူးပြေအောင်လား "
"ကိုယ်နည်းနည်းပဲသောက်တာလေ ကလေးကကိုယ့်ထက်ပိုမူးနေပြီတော့ "
"ကျွန်တော်ကနေမကောင်းတာနဲ့ရောသွားလို့ပါ "
"ဟုတ်ပါပြီ "
သူတို့ညဦးပိုင်းတုန်းက နည်းနည်းသောက်ကြစားကြသေးသည်မို့။ ကလေးကတော့ နည်းနည်းသောက်သည်။ ကိုယ်လဲငွေ့ငွေ့ပူချင်ကာ ခေါင်းမူးတာနဲ့ အရက်နည်းနည်းမူးတာရောသွားတော့ ဆေးတိုက်ကာအခန်းထဲအနားယူခိုင်းထားလိုက်တာ။ Chanyeol လဲသိပ်တော့မသောက်ရှာပါဘူး။ ပုံမှန်ဆို အများကြီးသောက်တတ်ပေမယ့် ကိုယ့်အသဲကနေမကောင်းတာမို့ သိပ်မသောက်ဖြစ်။ ကလေးငယ်အိပ်နေတုန်း စိတ်ပြေလက်ပျေ၊်က်လမ်းလျှောက်ထွက်လာခဲ့တာ။ ကမ်းခြေဘက်ရောက်တော့ သောင်ပြင်ပေါ်ထိုင်ကာ ကြယ်လေးတွေကိုကြည့်ရင်း အတွေးတွေကဟိုရောက်သည်ရောက်နှင့်။
YOU ARE READING
I Love You But Dislike (completed)
Fanficကျွန်တော်ခင်ဗျားကိုချစ်တယ် ဒါပေမယ့် မုန်းတယ် ခင်ဗျားရဲ့စိတ်ဓာတ်ကို ကျွန်တော်ခင်ဗျားကိုချစ်တယ် ဒါပေမယ့် မုန်းတယ် ခင်ဗျားရဲ့စိတ်ဓာတ်ကို