MISTAKE 💙6

535 74 22
                                    

ရိပေါ်နဲ့အတူအပြင်ကိုပထမဆုံးထွက်လာရတာကြောင့် ရှောင်းကျန့်ရင်ခုန်နေမိသည်။ကိုယ်ဝန်က ၃လထဲရောက်နေပြီဖြစ်တာကြောင့် ဆေးခန်းမသွားလို့ကမရတော့။ hoodie ပွပွနဲ့ ဂျင်းဘောင်းဘီတစ်ထည်တွဲဖက်ဝတ်ဆင်ထားတဲ့ ရှောင်းကျန့်က ဗိုက်ထွက်နေမှန်းသိပ်မသိသာပေ။

*Wang*ဆေးရုံကြီးက ရိပေါ်တို့မိသားစုပိုင်ဆိုင်မှု့ထဲကတစ်ခုဖြစ်သည်။ကြီးမားလှတဲ့ဆေးရုံကြီးက သူဌေးတွေသာတက်နိုင်ပြီး ဆရာဝန်တွေကလဲ နိုင်ငံခြားပြန်ပါရဂူတွေ နိုင်ငံခြားကဆရာဝန်တွေသာဖြစ်သည်။ Lift နဲ့အပေါ်ဆုံးထပ်ကိုတက်လာခဲ့သည်။

*ရိပေါ် ဆေးရုံကြီးကအရမ်းမိုက်တယ်နော် *

*ဟုတ်လား အရမ်းလဲမဟုတ်ပါဘူး လာ*

အပေါ်ဆုံးထပ်ရောက်ပြီမို့ ရိပေါ်ကသူ့လက်ကိုဆွဲကာ ခေါ်သည်။ရှောင်းကျန့်ရင်ထဲတလှပ်လှပ်နဲ့ ရိပေါ်ခေါ်ရာနောက်သာလိုက်လာခဲ့လိုက်သည်။

အခန်းကျယ်ကြီးတစ်ခုထဲရောက်တော့ ရိပေါ်ကသူ့ကိုထိုင်ခုံမှာထိုင်စေပြီးသူကတော့ ဖုန်းကိုထုတ်ကာတစ်ယောက်ယောက်ကိုခေါ်နေသည်။အခန်းကျယ်ကြီးကရိပေါ်တို့အိမ်က ဧည့်ခန်းကြီးလောက်ရှိပြီး ကုတင် ရေချိုးခန်း အိမ်သာ TV အပြင် စားပွဲတွေပါပါသည်။ရိပေါ်ကသူ့ဘေးလာထိုင်ပြီး မကြာပါ ဒေါက်တာတစ်ယောက်ရောက်လာသည်။

*စောင့်ရတာကြာသွားလားရိပေါ် *

*မကြာပါဘူး ခုပဲရောက်တာ ဒါကျွန်တော်ပြောတဲ့သူ *

*အင်းအင်း ကုတင်ပေါ်ခဏလှဲနော်*

ဆရာဝန်စကားကြောင့် ရှောင်းကျန့်ကုတင်ပေါ်သွားကာလှဲလိုက်သည်။ဗိုက်ကိုစမ်းသပ်စရာရှိတာစမ်းသပ်ပြီး ကိုယ်ဝန်ဆောင်အားဆေး ၁လစာပါပေးလိုက်သည်။နောက်တစ်လကြာရင်ပြန်လာခဲ့ဖို့လဲမှာလိုက်တာကြောင့် ရိပေါ်ကသူကိုယ်တိုင်ပဲလိုက်ပို့မယ်ပြောသည်။

ဆေးရုံကအပြန် ဗိုက်ဆာလာတာကြောင့် ကားမောင်းနေတဲ့ရိပေါ်ဘက်လှည့်ကြည့်လိုက်သည်။ကားကိုဂရုစိုက်မောင်းနေတဲ့ရိပေါ်က သူ့ကိုရှိတယ်လို့တောင်ထင်ရဲ့လားမသိ။ဘေးတစ်စောင်းမြင်နေရတဲ့ရိပေါ်မျက်နှာလေးကို ရှောင်းကျန့်ကြည့်ကာပြုံးလိုက်မိသည်။ရိပေါ်ကတော်တော်ချောသည်။အသားဖြူဖြူ အရပ်ရှည်ရှည် ရုပ်ရည်ကလဲမင်းသားရှုံးအောင်ကိုချောလွန်းသည်။ဗိုက်ထဲကကလေးလေးသာရိပေါ်နဲ့တူရင်ကောင်းမှာပဲ။

You've reached the end of published parts.

⏰ Last updated: Aug 12, 2021 ⏰

Add this story to your Library to get notified about new parts!

MISTAKEWhere stories live. Discover now