"ဦးလေးကြီး ဟိုအချောင်းကြီးတွေကဘာတွေလဲဟင်"
နှုတ်ခမ်းလေးထော်လျက်လက်ညှိုးထိုးမေးနေတဲ့ သမင်ပေါက်ကို ဆယ်ဟွန်းတစ်နေကုန်အသည်းယားနေမိသည်။တောသားမြို့တက်လာသလို အထူးအဆန်းမြင်တိုင်းဖြေနေရတာ ဆယ်ဟွန်းမမောလှပါ။ခုလဲ သမင်ပေါက်လက်ညှိုးထိုးရာကြည့်လိုက်တော့ တုတ်ထိုးရေခဲချောင်းတွေပင်။
"အဲ့ဒါကရေခဲချောင်းလေသမင်ပေါက်ရဲ့"
"ဟုတ်လား ဟန်လေးစားချင်တယ် ဝယ်ကျွေးပါလားဉီးလေးကြီး"
လက်မောင်းကိုတွဲခိုပြီး မျက်လူံးလေးကလယ်ကလယ်နဲ့ချွဲနေတဲ့သမင်ပေါက်အကြည့်အောက် တစ်မိုးအောက်အချေကိုယ်တော် အိုဆယ်ဟွန်းတို့ကျရှုံးရပြီ။ခေါင်းငြိမ့်မိလိုက်သလားတောင်အသိသေးခင် ဟန်လေးကရေခဲချောင်းတစ်ဖက်တစ်ချောင်းကိုင်ကာစားနေလေပြီ။
"ဖြည်းဖြည်းစားလေသမင်ပေါက်ရဲ့ မအေးဘူးလား"
"ဟီး အေးတယ် ဦးလေးကြီးလဲစားပါလား ဟန်လေးကအကုန်မစားပါဘူး"
လက်ထဲကတစ်ချောင်းကိုထိုးပေးလာတဲ့သမင်ပေါက်ကချစ်စဖွယ်အတိ။အေးခဲနေတဲ့ရေခဲချောင်းကို သွားနဲ့အတင်းကိုက်ကိုက်ချတာ သမင်ပေါက်တော့မသိ သူကတော့ကြည့်ပြီးသွားကျိန်းနေပြီ။
"မစားတော့ဘူး မင်းပဲကုန်အောင်စား "
"ဟုတ် ဦးလေးကြီးမစားရင် ဟန်လေးပဲအကုန်စားမှာ ဟီး"
ရေခဲချောင်းလက်နှစ်ဖက်ကကိုင်ကာ ခုန်ဆွခုန်ဆွသွားနေတဲ့ဟန်လေးကြောင့် ပြုံးမိပြန်သည်။ဒီနေ့တင်သူပြုံးမိတာ မရေနိုင်တော့။
"အီးးးဟီးးး ဟန်လေးကြောက်တယ် ဦးလေးကြီးဟန်လေးကိုဖက်ထားပေးပါနော်"
ရင်ခွင်ထဲရောက်မတက်တိုးလာပြီး တုန်ယင်စွာငိုနေတဲ့ သမင်ပေါက်ကြောင့် ဆယ်ဟွန်းမှာရယ်ရအခက်။ရုပ်ရှင်မကြည့်ဖူးဘူးဆိုလို့ ရုပ်ရှင်ပြဖို့ခေါ်လာခဲ့ပါတယ် ရုံထဲရောက်ထဲက သူ့လက်မောင်းကိုအတင်းဖက်ထားတာမလွှတ်တော့။အချစ်ကားကြည့်မယ်ဆိုတော့လဲမဟုတ်ရ သူကြိုက်တာကြည့်မယ်ဆိုလို့ သရဲကားလိုက်ကြည့်ပေးရတယ်။ခုတော့သရဲကြောက်လို့အော်ငိုနေပါပြီ။