MISTAKE 💙 2

2.1K 259 39
                                    

"ကိုကို ဟန်လေးဗိုက်ဆာတယ် "

အိပ်ယာကနိုးလာတဲ့ဟန်လေးက မျက်လုံးကိုပွတ်ကာ ထွက်လာသည်။ညကလဲအဝအပြဲစားထားတဲ့ကလေးက ဗိုက်လေးပွတ်ကာပြောလာပြန်သည် အဲဒါသာကြည့်ဟန်လေးဘယ်လောက်အစားကဲလဲဆိုတာ။အသက်နဲ့မလိုက်ဟန်လေးက ကလေးလေးလိုချစ်ဖို့ကောင်းလှသည်။သမင်မျက်လုံးဝိုင်းဝိုင်လေးနဲ့ မျက်တောင်မွေးကော့ကော့လေးက ဟန်လေးရဲ့အလှတေစုစည်းရာပေါ့။ဟန်လေးက ဖေဖေနဲ့မေမေရဲ့သွေးသားအရင်း သူကတော့ ဖေဖေတို့ရဲ့မွေးစားသားပေါ့။ဟန်လေးမမွေးခင်ထဲက မွေးစားထားတာကြောင့် သူ့ကိုသားအရင်းလိုချစ်သည် ။သူကလဲမိဘအရင်းတေကိုတောင်မရှာတော့ဘဲ ဟန်လေးနဲ့သာတစ်သက်လုံးနေသွားရန်ဆုံးဖြတ်ထားသည်။

ဖေဖေနဲ့မေမေသေပြီး ကြွေးတင်ကျန်ခဲ့တာကြောင့်အိမ်ကိုသိမ်းယူသွားခဲ့သည်။နေစရာမရှိတဲ့သူတို့ညီအကိုနှစ်ယောက်က Club တစ်ခုမှာအလုပ်ဝင်လုပ်သည်။Club ကဖေဖေ့သူငယ်ချင်းပိုင်တာကြောင့် နေဖို့အခန်းလေးပေးသည်။ဟန်လေးကိုအခန်းထဲထားကာ သူကအလုပ်လုပ်ရသည်။ကံကောင်းတာလားကံဆိုးတာလားမသဲကွဲ တစ်နေ့မှာ ရိပေါ်ဆိုတဲ့သူဌေးသားလေးနဲ့ဆုံတယ်။အဲ့ညမှာတင် မှားယွင်းခဲ့ကြတယ်။မနက်ကျတော့ ရိပေါ်ကသူ့ကိုပိုက်ဆံပေးတယ် အေးပေါ့ Club မှာအလုပ်လုပ်တာဆိုတော့သူ့ကိုဟိုအတန်းစားထဲကပဲထင်မှာပေါ့။ကိုယ်ဝန်ရလာတော့ သူရိပေါ်ကိုပြောခဲ့တယ် အဲ့လိုကနေခုလိုရောက်လာတာပေါ့ ။

"ကိုကိုလဲခုပဲဟန်လေးကိုလာနှိုးတော့မလို့ အိမ်ကြီးကကိုကိုတို့အတွက် စားစရာတေလာပို့သွားပြီ"

"ဟုတ်လား ဟန်လေဗိုက်ဆာနေတာနဲ့အတော်ပဲ ဟီး"

ဗိုက်ကလေးပွတ်ကာချစ်စရာကောင်းအောင်ရီပြလာတဲ့ ဟန်လေးကိုခေါင်းလေးပုတ်ကာ ထမင်းစားပွဲမှာထိုင်စေလိုက်သည်။ရိပေါ်တို့အိမ်ကပို့ပေးထားတဲ့ နွားနို့နဲ့ ကိတ်မုန့်ကို ဟန်လေးရှေ့ချပေးပြီး သူကတော့ထမင်းကြော်သာစားသည်။နွားနို့ကြိုက်တဲ့ဟန်လေးက မုန့်တောင်သိပ်မစားဘဲ နှစ်ယောက်စာနွားနို့ကို တစ်ယောက်ထဲသောက်သည်။ရှောင်းကျန့်လဲ ဟန်လေးကိုကြည့်ကာ ပြုံးလိုက်သည်။ဟန်လေးကိုခုမှအစားအသောက်ဝဝကျွေးရတာမို့ ဝမ်းလဲနည်းမိသည်။

MISTAKEWhere stories live. Discover now