Crush On Fudanshi (3)
မနက်ကျ ကျောင်းသွားဖို့အတွက် သော်ယံ အဝတ်အစားလဲပြင်ဆင်နေသည်။ ဒီနေ့မနက်ခင်း သားတယောက်က "ပါးရေ သားကိုကူညီပါဦး" ဆိုပီးညကဖုန်းဆက်လို့ ကျောင်းရှေ့ကအအေးဆိုင်မှာ ဒီမနက်တွေ့ရန်ပြောထားလေသည်။ ဆိုတော့ကာ မနက်ခင်းအတန်းကိုတာ့တာလုပ်ရပေမည်။ အဝတ်အစားလဲနေစဥ် အိမ်ရှေ့ကမမရဲ့အသံကြောင့် လန့်သွားရသည်။
လမင်းခ - ငယ်လေးရေ ဒီမှာ နေသွေးရောက်နေတယ် ကျောင်းသွားဖို့လာခေါ်တာတဲ့
ဟင် သူကဘာလာလုပ်တာတုန်း ! သော်ယံခကကျောင်းသွားမှာမဟုတ် ကျောင်းရှေ့ကအအေးဆိုင်ကိုသွားမှာဖြစ်သည်။ နေ့ခင်းချိန်ဘဲ အတန်းတက်မှာဖြစ်သည်။ ဘာဘဲဖြစ်ဖြစ်လေ လာခေါ်တဲ့သူကိုနှင်လွှတ်လို့လဲမကောင်းသဖြင့် လွယ်အိတ်ယူကာ အခန်းထဲကနေထွက်လာလိုက်သည်။ တကယ်ကိုပင် အိမ်ရှေ့မှာသူ့ကိုရပ်စောင့်နေသော် နေသွေးကိုတွေ့လေသည်။မမကိုနူတ်ဆက်ကာ နေသွေးဆီသွားလိုက်သည်။ ကိုကိုကြီးကတော့ကျောင်းသွားပီဖြစ်သည်။ အကျီအဖြူလက်ရှည်ကိုမှ ယောပုဆိုးအနက်လေးဝတ်ထားသော် နေသွေးမှာအရမ်းကိုကြည့်ကောင်းတယ်ဆိုတာတော့ငြင်းမရ။
နေသွေး - ကိုယ် မင်းနဲ့အတူကျောင်းသွားဖို့လာခေါ်တာ
သော်ယံခ - ဟိုလေ ငါကကျောင်းရှေ့ကအအေးဆိုင်ကိုသွားရမှာ ဒီနေ့မနက်ခင်းအတန်းမတက်ဖြစ်ဘူး
နေသွေး -ကိုယ်လဲ လိုက်ခဲ့မယ်လေ ရတယ်မှတ်လား
သော်ယံခ -ရတာကရပါတယ် အတန်းချိန်အလွတ်ခံနိုင်လို့လား
နေသွေး -ရတယ် ကိုယ်ပါလိုက်ခဲ့မယ်နော်
......................
ကျောင်းရှေ့ကအအေးဆိုင်ကိုရောက်သော် သော်ယံခရဲ့သား ကအရင်ကြိုရောက်ကာ သူထိုင်နေသည့်နေရာကနေလက်လှမ်းပြသည်။ သော်ယံခ လဲ ထိုကလေးရှေ့မှာဝင်ထိုင်လိုက်သည်။ နေသွေးကလဲ သူ့ဘေးမှာဝင်ထိုင်သည်။
သော်ယံခ - ဘာဖြစ်လို့လဲ သား မျက်နှာလဲမကောင်းဘူး မနေ့ညကဖုန်းထဲမှာအသံမကောင်းလို့ ပါးစိုးရိမ်နေတာ