Crush on Fudanshi (26)
အအေးဆိုင်တဆိုင်တွင် သော်ယံနဲ့အတူ ကြယ်ရောင်နဲ့ကျော်စွာတို့ရှိနေကြသည်။ အကိုကြယ်ရောင်ကသူ့ကောင်လေးနဲ့ပတ်သတ်ပီးအကြံဉာဏ်တောင်းချင်တယ်ဆိုလို့ သော်ယံတို့အအေးဆိုင်ကိုရောက်နေကြခြင်းဖြစ်သည်။
ကြယ်ရောင် - ဘယ်လိုလုပ်ရမယ်???
သော်ယံခ - အကို ကောင်မလေးတယောက်နဲ့တွဲပြရမယ် လို့ပြောလိုက်တာလေ
ကြယ်ရောင် ကြားလိုက်ရတဲ့စကား ကိုယ့်နားကိုတောင်မယုံနိုင်။ ကိုယ်ကြိုက်နေတာကယောကျ်ားလေးမို့ ရှေ့ကသော်ယံခဆိုတဲ့ကောင်လေးကိုအကူညီလာတောင်းပါတယ် သူကအခုကိုယ့်ကိုမိန်းမပြန်ပေးစားနေတယ်။ ငါအကူညီတောင်းမိတာမှားပီလားလို့တွေးမိပီး ကြယ်ရောင် သူ့ဘေးမှာထိုင်နေတဲ့သူ့ညီဝမ်းကွဲလေးကျော်စွာသက်ကိုကြည့်လိုက်တော့ ။ ဟိုကလဲ သော်ယံပြောတာကိုလုပ်လိုက်ဆိုတဲ့သဘောဖြင့် ခေါင်းညိတ်ထောက်ခံပြလေသည်။ ဘာလို့ မိန်းမတယောက်နဲ့တွဲရမှာလဲ ကိုယ်နဲ့အကိုနဲ့ကအခုအခြေနေကောင်းနေပီဘဲဟာ။
ကြယ်ရောင် - ဘာလို့တွဲရမှာလဲ အကြောင်းရင်းလေးကိုယ့်ကိုပြောပြလို့ရမလား??
ကြယ်ရောင်ရှေ့ကမုန့်စားနေတဲ့ကောင်လေးက ကြယ်ရောင့်ကိုတုံးလိုက်တာဆိုတဲ့အကြည့်မျိုးနဲ့ကြည့်လာလေသည်။
သော်ယံခ - ဒီမှာ ကျွန်တော်ပြောပြမယ် အကိုခုနကပြောပုံအရဆို အကိုတို့ကလုံးဝကိုအခြေနေကောင်းနေပီ အဲ့လိုကောင်းမွန်နေတဲ့အခြေနေလေးကိုပိုပီးကောင်းသွားအောင် ဇာတ်ရှိန်မြင့်ပေးရမယ်လေဟုတ်တယ်မဟုတ်လား အကိုသာဟိုအကိုကြီးရှေ့မှာကောင်မလေးတယောက်နဲ့တွဲသွားတွဲလာလုပ်ပြလိုက်ရင် ဟိုအကိုကြီးကစိတ်ထဲတမြုံ့မြုံ့တွေဖြစ်ပီး သဝန်တွေတို အယ် အဲ့မှာ ဟိုအကိုကြီးက အကို့အပေါ်ချစ်မိနေတယ်ဆိုတာ ဘွင်းဘွင်းရှင်းရှင်းကြီးသိ အဲ့မှာအကိုနဲ့ကြိုက် ကဲ မကောင်းပေဘူးလား
ဒီကောင်လေးပြောတော့လဲ ဟုတ်သား ဟု ကြယ်ရောင်တွေးလိုက်မိသည်။ ဒါမဲ့ခက်တာက အဲ့လိုကူညီပေးမဲ့မိန်းကလေးမရှိတာကခက်တယ် ။