ရှိတယ်မလား.. ကိုယ်သဘောကျရတဲ့သူက ကိုယ်နဲ့ အနီးဆုံးမှာ ရှိနေတာမျိုး .. နီးနီးလေးလို့ထင်ရပေမယ့် တကယ်တမ်း အဝေးဆုံးမှာ ရောက်နေရတဲ့ အနေအထားမျိုးမှာလေ ။
ဥပမာပြောရရင် ကိုယ့်အတန်းဖော်၊ အဆောင်က အခန်းဖော်၊ သူငယ်ချင်းရဲ့ မောင်နှမ.. အဲ့လိုမျိုးပေါ့။ကျွန်တော် သဘောကျရတဲ့သူက အဲ့ ဥပမာတွေအားလုံးနဲ့ ညီတယ်။
...................
"" မောင်ကလည်းကွာ ကလေးလေးကျနေတာဘဲ ဘယ်လိုဖြစ်နေလဲ.. ""
အချိန်ပိုင်းအလုပ် 3 ခု ပြီးတဲ့ အချိန်က ည သန်းခေါင် 12 နာရီ။ ပင်ပန်းနေတဲ့ ခန္ဓာကိုယ်နဲ့ လေးကန်နေတဲ့ မျက်လုံး၊တွေ့တဲ့နေရာမှာ ဝုန်းဆိုပြီး လဲကျသွားချင်တဲ့ ခံစားချက်.. အဲ့လိုခံစားချက်တွေနဲ့ အိမ်ကိုရောက်အောင် ပြန်လာပေမယ့် အဆောင်ခန်းက မိန်းမငယ်ရဲ့ အသံက ဖိနပ်ချွတ်နေတဲ့ ကျွန်တော့်ကို အလွန်အမင်းစိတ်ရှုပ်စေတယ်။
အသံက မတူပြန်ဘူး။ ဒါက နောက်တစ်ယောက်ဘဲ ၊ အင်း.. မေလဆန်း ရဲ့ 4 ယောက်မြောက် မိန်းမငယ်။
"" ငါတို့ ကလေးလေး ပြန်လာပြီလား.. နီခီ နီခီ ရီခီ... အာအီဂူး.. အစ်ကိုက လွမ်းနေတာ ""
ပေါင်ပေါ်က လက်ပြတ်ဂါဝန်အနီရောင်ဝတ်ထားတဲ့ မိန်းကလေးကို ဂရုမစိုက်စွာနဲ့ ကျွန်တော့်ကို အာရုံရောက်နေတဲ့ သူကို ကျွန်တော် ဘာတုံ့ပြန်ရမှန်းမသိဘူး။ မိန်းကလေးကလည်း ကျွန်တော့်ကို မျက်စောင်းထိုးနေပြီ။ ကျွန်တော် ပြန်လာမိတာဘဲမှားပြီလား။
"" အခန်းထဲ သွားလေဗျာ.. ဘယ်လိုလုပ် ဧည့်ခန်းထဲမှာ ဒီလိုတွေ ဖွနေတာလဲ ""
""မင်းကိုစောင့်နေတာလေ.. ""
အပြောတော့ ကောင်းရှာတယ်။ ကျွန်တော့်ကို စောင့်နေပေမယ့် တခြားမိန်းကလေးတစ်ယောက်နဲ့ ပျော်နေတဲ့သူကို ကျွန်တော်က ဘာလုပ်ပေးရမလဲ။ ကျွန်တော် အရင် စိတ်နဲ့ဆို ထွက်သွားမိမှာဘဲ။
""ကျွန်တော် နားချင်ပြီ ""
လှည့်ထွက်သွားတဲ့ ကျွန်တော့်ကို ဘာမှပြန်မပြောတော့ဘဲ မိန်းကလေးရဲ့ လက်မောင်းကို မှီပြီးအိပ်သွားပြီ။