Chapter(5)-U/Z

1.7K 141 3
                                    

ဆောင်းဦးရဲ့ပထဆုံးလသည် ငွေရောင်ဓါးလိုကြည်လင် အေးမြနေကာ ရောင်ဝါဖျော့ဖျော့လွှမ်းခြုံထားသည်။ ခြံဝန်းထဲကသစ်ပင်အောက်မှာ ရန်ဖေးလီက အပြာရောင် အပေါ်ထပ်အကျီကိုဝတ်ဆင်ထားသည်။သူ့ခန္ဓာကိုယ် ကိုသန့်ရှင်းရေးလုပ်ပြီးတော့ အခန်းထဲမဝင်ရဲဘဲ သူဒီနားမှာမတ်တပ်ရပ်နေမိသည်။ မှိန်ဖျော့လာတဲ့လ ရောင်အောက်မှာသူကခန္ဓာကိုယ်ပုံသဏ္ဍန်ကခပ်ပါးပါး သာမြင်နေရသည်။

ပေ့ထန်အာက တိတ်တဆိတ်လှမ်းလျှောက်ရင်း သူ့နား ရောက်တော့ ရန်ဖေးလီကသူ့ကိုကြည့်လိုက်ရင်း

"သခင်..နိုးလာပြီလား..."

".....အင်း"

ပေ့ထန်အာက ဘာမျှမဖြစ်ခဲ့သကဲ့သို့ ပြောလာတဲ့ ရန်ဖေးလီ ၏ရိုးရိုးရှင်းရှင်းအသံကိုနားထောင်ခဲ့သည်။ သူဘာပြောရမှန်း မသိဘူး။ ရန်ဖေးလီ အဝတ်တွေကပါးနေသေးပြီး အပေါ် ဝတ်ပါးပါးတစ်ထည်သာဝတ်ထားတာ ကိုတွေ့ရတော့ သူစိတ်ထဲမှာနာကျင်သွားမိသည်။

"ဖေးလီ...ငါမေးခဲ့ဘူးတယ်...ဒါပေမယ့်ငါ ထပ်မေးချင်တယ် ..မင်းငါ့ကိုမုန်းလား?"

"မမုန်းပါဘူး..."

ရန်ဖေးလီခေါင်းယမ်းလိုက်ရင်းညင်သာစွာဖြင့်

"ကျွန်တော့ကိုယ်ကျွန်တော်ပဲမုန်းမိတယ်..ကျွန်တော့နှလုံးသားကိုကျွန်တော်မထိန်းချုပ်နိုင်ခဲ့ဘူး...ဒီမကောင်းဆိုးဝါးအတွေးအတွေကိုကျွန်တော်မဖျက်စီးနိုင်ခဲ့ဘူး..l!"

ပေ့ထန်အာကမျက်တောင်ရှည်တွေကိုခတ်ရင်းသူ့ကိုစူးနစ် စွာကြည့်နေပြီးတော့

"ဒီနေ့ကိစ္စမင်းပေါ်ငါအကြွေးတင်သွားမိပြီ..."

ရန်ဖေးလီကသူ့ကိုမော့ကြည့်လိုက်သည်။ လရောင်ရဲ့အရိပ် ကြောင့် သူ့မျက်နှာတစ်ခြမ်းသာမြင်နေရသည်။

"သခင်..ကျွန်တော်အပေါ်ဘာအကြွေးမှမရှိပါဘူး.....သခင်ကမူးနေတဲ့သူပါ...ကျွန်တော်တို့ကယောကျ်ားလေး တွေပဲ တာဝန်ယူမှုတွေအကြွေးတွေမလိုဘူး...စိတ်မပူပါနဲ့"

ပေ့ထန်အာမျက်မှောင်တွေကြုတ်သွားသည်။ သူတို့နှစ် ယောက်ကြားမှာ အခုလေးတင်ကမှဖြစ်ပြီးသွားတဲ့ရင်းနှီးမှု က နိုးလာတာနဲ့ဆောင်းအိမ်မက်လို ပြီးသွားတာလား။ သူတို့အနားမှာတူတူရှိနေပေမယ့်သူတို့နားလည်မှုတွေ ပိုဝေးသွားခဲ့ပြီလား။ ပေ့ထန်အာက ရန်ဖေးလီရဲ့ခပ်ပေ့ါပေ့ါ စကားတွေကိုနားထောင်ရင်းနှလုံးသားက လက်မခံချင်သလို ဖြစ်နေကာ ဒေါသလိုဖြစ်လာပြီး သူကရှေ့တိုးကာ တစ်ဘက်လူလက်တွေကိုဆုပ်ကိုင်လိုက်သည်။

BL-Broken BondWhere stories live. Discover now