နောက်တနေ့ မနက်စောစောပိုင်းမှာ ရန်ဖေးလီပြန်နိုးလာပြီး ချင်ဟာကသူ့အိပ်ရာဘေးမှာစောင့်ကြည့်နေသည်။
"ဗိုလ်ချုပ်ရန်...နိုးလာပြီလား? မင်းကိုယ်ကဘယ်လိုနေ သေးလဲ?"
ရန်ဖေးလီက လက်တွေထောက်ကာ အားယူပြီးထထိုင် လိုက်သည်။ သူ့ခေါင်းတွေမူးနောက်နေဆဲဖြစ်သည်။၏
"စစ်သူကြီးရန်..!"
ချင်ဟာကသူ့ကိုဘေးနားကထိန်းပေးထားလိုက်ပြီး
"ခင်ဗျားအတွင်းဒဏ်ရာရနေတယ်...အရမ်းမဲ့လျှောက်မလုပ်ပါနဲ့တော့...အထဲကဒဏ်ရာကသွေးမတိတ်သေးဘူး .. ဆေးသောက်ပြီးကောင်းကောင်းအနားယူဖို့လိုတယ်.."
ရန်ဖေးလီ ချင်ဟာရဲ့လက်တွေကိုဆွဲဖယ်လိုက်ပြီး သူအိပ် ရာကထအင်အားချိနဲ့စွာနဲ့ထရပ်လိုက်သည်။ သူကကုတ် အကျီလဲမယူဘဲနဲ့ ဒီတိုင်းရိုးရိုးအကျီဝတ်ရက်သားနဲ့ပဲ အပြင်ကို တိုးထွက်သွားကာ သူ့နောက်ကခေါ်သံတွေကို လျစ်လျူရှုထားလိုက်သည်။ နှစ်ကူးနေ့နေ့လည်ပိုင်းမှာ တိုင်မန်ဌာနချုပ်က ကန္တာရအလားခြောက်သွေ့နေသည်။ ဂိုဏ်းသားအတော်များများက မိဘများထံ မိသားစုများ ထံပြန်ကြပြီး အစောင့်တစ်ချို့ကိုသာထားရှိခဲ့သည်။
မနေ့ထဲကနှင်းကျနေတာ ခုထိမရပ်သေးဘဲ မြေပြင်တစ်ခု လုံးဖြူဖွေးနေကာ နှင်းထုကြီးတောင် ဖြစ်နေပြီး မြောက်လေ လဲတိုက်ခတ်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံးအေးစိမ့်နေ သည်။ အဲဒိ့အချိန်မှာ မြောက်တံခါးသခင်စံအိမ်တော်ရှေ့မှာတော့ လူတစ်ယောက်က နှင်းတွေကြားမှာဒူးထောက်နေသည်။ အဲဒိ့လူက အေးစိမ့်နေတဲ့ရာသီဥတုထဲမှာ အပေါ်ထပ် အကျီတစ်ထည်သာဝတ်ထားပြီး ဆံပင်တွေလဲ ရှုပ်ပွနေကာ မျက်နှာကလဲဖြူလျော်နေပြီး နေမကောင်းသည့်အသွင် နှင့်ဖြစ်သည်။ ဒါပေမယ့်သူကနှင်းထဲမှာ ကျောတွေမတ်မတ် ထားပြီး ဒူးထောက်နေသည်။ မနက်ခင်းက သူဒီနေရာကို အကျီဖရိုဖရဲ၊ ဆံပင်ရှုပ်ရှုပ်ပွပွနဲ့ ရူးကြောင်နေသူလိုရောက်လာချိန်ကမြောက်တံခါးသခင်က လင်းယွမ်ယွမ်နဲ့ အပြင်ထွက်ဖို့ပြင်နေ ချိန်ဖြစ်သည်။
သူ့ကိုတွေ့တော့အားလုံးအံ့သြထိတ်လန့်သွားသည်။ ရန်ဖေးလီအမြန်ပဲ ခန်းမရှေ့မှာ ဘာစကား တစ်ခွန်းမှ မပြောဘဲ ဒူးထောက်ချလိုက်သည်။ သူ့ကိုမြင်တော့ ပေ့ထန်အာမျက်နှာကမဲမှောင် သွားပြီး သူ့ကို အေးစက်စွာ အတော်ကြာကြာစိုက်ကြည့်နေပြီမှ စကားတစ်ခွန်းမှ မပြောဘဲ လင်းယွမ်ယွမ်နဲ့အတူထွက်ခွါသွားသည်။ မြောက်တံခါးသခင်ကဘာအမိန့်မှပေး မသွားသဖြင့် အစေခံတွေကလဲ ကူညီဖို့မဝံ့ရဲစွာဖြင့် စစ်သူကြီးရန် ဒူးထောက်နေတာကို ဒီတိုင်းကြည့်နေရသည်။ နှင်းလိုအေးနေတဲ့လေတွေကတိုက်ခတ်နေပြီး ရန်ဖေးလီ တစ်ကိုယ်လုံးအေးစက်နေပေမယ့် သူ့နှလုံးအေးစက်တာ ကပိုဆိုးဝါးသည်။ ဒီလိုနှင်းလေ အေးအေးတွေရဲ့ဒဏ်ကို အံကြိတ်ခံနေရင်းက ရန်ဖေးလီကသူ့ဘဝရဲ့အတိတ်ကိုပြန် စဉ်း စားမိသည်။
YOU ARE READING
BL-Broken Bond
Historical Fiction*** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.If you are the original author and would like to remove the content in this site, please d...