Chapter(4)-U/Z

1.7K 127 3
                                    

သတိမထားလိုက်မိခင်မှာပဲ နှစ်သစ်ကူးချိန်လွန်သွားပြီး ဆောင်းဦးရောက်လာသည်။ ဌာနချုပ်တစ်ခုလုံးမှာ ဆောင်း ဦးမှာပွင့်တဲ့ပန်းများ နဲ့ဝေဆာစွာလှပနေသည်။ ပန်းဥယျာဉ် အားလုံးကပန်းတွေလဲ ဖူးပွင့်နေပြီး မျှတသော အအေးဓါတ် အောက်မှာ နေရောင်ခြည်ကိုခိုလှုံရင်း အရောင်တွေပို သစ်လွင်လာသည်။

ရန်ဖေးလီခန္ဓာကိုယ်အခြေအနေကအများကြီးတိုးတက်လာပြီဖြစ်သည်။ ချင်ဟာရဲ့ဂရုတစ်စိုက်စောင့်ရှောက်မှု အောက် မှာ သူ့ကိုယ်ပေါ်ကနှင်းကိုက်ရာတွေက အမာရွတ်တောင် မကျန်ခဲ့ပေ။ တကယ်တော့အမာရွတ်ကျန်လဲ သူဂရုမစိုက် ပါ။ သူ့တကိုယ်လုံးမှာ အမာရွတ်တွေပြည့်နေပြီးသားဖြစ် သည်။ ချင်ဟာကသူ့ကိုသူ့ကိုယ်သူထက်တောင်အမြဲ ဂရုစိုက်ပေးခဲ့သည်။ ရန်ဖေးလီကတော့ သူ့ကိုအရမ်း ကျေးဇူးတင်မိသည်။

မမြင်ရတဲ့ ဒဏ်ရာတွေကတော့ ခုထိသစ်လွင်နေဆဲဖြစ် သည်။ သူနဲ့ပေ့ထန်အာကြားက ဆက်နွယ်မှုလိုပေါ့ ဘယ်လိုပဲကြိုးစားပါစေ အရင်လိုပြန်မဖြစ်နိုင်တော့ပေ။ မင်္ဂလာဆောင်အတွက်ပြင်ဆင်ဖို့တွေရှိနေသည့် အတွက် ပေ့ထန်အာလဲတဖြေးဖြေးအလုပ်ရှုပ်လာကာ သူတို့တွေ့ ဖြစ်တာအရမ်းရှားပါးသွားသည်။ နေ့စဉ် အစည်းအဝေးမှာ တော့ခဏတွေ့တက်ပြီး လိုအပ်သလောက်သာပြောဆိုဖြစ် ကြသည်။

ပေ့ထန်မိသားစုဖြစ်လာတော့မည့် လင်းယွမ်ယွမ်က တိုင်မန်ဂိုဏ်းပတ်ဝန်းကျင်အခြေအနေများကိုလိုက် လေ့လာကြည့်နေသည်။ ထိုအချိန်က ရန်ဖေးလီက ဝါးဥယျာဉ်ကိုပြန်နေချိန်ဖြစ်သည်။ သူမကမြင့်မြတ် တည်ကြည်စွာဝတ်စားဆင်ယင်ထားပြီး ရန်ဖေးလီကိုတွေ့ တော့ သူ့ကျန်းမာရေးအခြေအနေကိုဂရုတစ်စိုက်မေးမြန်း ခဲ့သည်။ သူမကစကားပြောတာ လဲညင်သာသိမ်မွေ့ပြီး တဖက်လူကိုလဲအဆင်ပြေအောင် နှစ်သိမ့်စကားဆိုတက် သည်။ သူမတကယ့်မိန်းမကောင်း ပါရမီဖြည့်ဖက်ကောင်း ဖြစ်လာမည့်သူဖြစ်သည်။ သခင်နားမှာ ဒီလိုအဖိုးတန်တဲ့ မိန်းမတစ်ယောက်ကျိန်းသေလိုအပ်သည်။

သူ့နှလုံးသား နဲနဲနာကျင်မိတာကလွဲလို့အားလုံးအဆင်ပြေ နေဆဲဖြစ်သည်။ဒီနေ့ ရန်ဖေးလီက အပတ်စဉ်လုပ်တဲ့ ဂိုဏ်းတစ်ခု လုံးရဲ့အစည်းအဝေးပွဲကိုသွားတက်ရသည်။ ထို့နောက် သူက ဂိုဏ်းခန်းမဆောင်သို့သွားပြီး စစ်ပွဲတွင် ပါဝင်ခွင့် လျှောက်ထားသည့်လျှောက်လွှာကိုတင်ခဲ့သည်။ နေ့လည် ခင်းမှာတော့သူက လေ့ကျင့်ရေးကွင်းမှာကြီးကြပ် ရပြီး ညနေမှာတော့ဝါးဥယျာဉ်ဆီပြန် ရောက်လာခဲ့သည်။ သူက ရောက်တာနဲ့ ရေချိုးပြီးညစာစားကာ သူ့အခန်းထဲ ကခုံမှာ ထိုင်ရင်း လေ့ကျင့်ရေးမှတ်တမ်းတွေကိုထိုင်ကြည့် နေသည်။ ဆောင်းဦးမို့ရာသီဥတုကအေးလာပြီးအစိုဓါတ်ကိုခံစားမိသည်။ ဖယောင်းတိုင်မီးမှိန်မှိန်အောက်မှာ သူခဏလောက် ထိုင်နေပြီးမှ သူ့ခြေလက်တွေအေးစက်နေတယ်လို့ခံစား လိုက်မိပြီးသူကဇီမိုင်ကိုခေါ်ဖို့ ပြင်နေတုန်းမှာပဲ ကျယ်လောင်တဲ့တံခါးဖွင့်သံနဲ့အတူလူတစ်ယောက်သူ့ အခန်းထဲဝင်လာသည်။

BL-Broken BondWhere stories live. Discover now