ခင်ဗျားကိုမုန်းခဲ့ပေမဲ့ခုထိလဲမုန်းနေပေမဲ့သတိရနေခဲ့တာ ကိုကို...
"ကျနော်သွားလိုက်ဦးမယ်boss.."
"တခုခုဆိုအချက်ပြဖို့မမေ့နဲ့.."
အရေးကြီးတဲ့ပစ္စည်းလဲမှာဖြစ်လို့ရိပေါ်ကိုယ်တိုင်လိုက်လာပြီးကားပေါ်မှာစောင့်နေရသည်...ဘေးကရှောင်ကျန့်မှာတော့ဘယ်ကြည့်ညာကြည့်နှင့်ကိုယ်လေးကိုကျုံ့ကာထိုင်နေတယ်....
"ကြောက်တတ်ရင်ဘာလို့လိုက်လာသေးလဲအာရုံနောက်တယ်..."
"ကို...ကျနော့်တာဝန်ကျနော်လုပ်တာပါ.."
ဒိုင်း....
"ရိပေါ်ရေ..."
သေနတ်သံနဲ့အတူသူတို့ကားကတဖက်နိမ့်ဆင်းသွားတယ်...ကားဘီကိုအပစ်ခံလိုက်ရတာဖြစ်လိမ့်မယ်....
ရှောင်ကျန့်ရိပေါ်ဘက်တိုးလာပြီးအင်္ကျီစကိုဆွဲဆုပ်မိထားတယ်...."မြန်မြန်ဆင်းရှောင်ကျန့်ခေါင်းကိုငုံ့ပြီးဟိုအကွယ်ကိုရောက်အောင်ပြေး..."
"အင်း..."
သူတို့နှစ်ယောက်အကွယ်ကိုပြေးပြီးရိပေါ်ကထိုနေရာကနေေသနတ်နဲ့တောက်လျှောက်ပစ်နေတယ်...ရှောင်ကျန့်မျက်လုံးပါမှိတ်ထားမိတယ်.....
"အ့.."
"ရိပေါ်..."
ကျည်ဆန်ကရိပေါ်ရဲ့ခါးညာဘက်ခြမ်းကိုဖောက်ဝင်ပြီးသွေးတွေဖြာခနဲထွက်လာတယ်...
"ရတယ်ဘာမှမဖြစ်ဘူးငြိမ်ငြိမ်နေ..."
"သေွးတွေထွက်နေပြီ...ခဏလေးကိုကို့အင်္ကျီနဲ့အုပ်ထား..."
ရှောင်ကျန့်သူ့ရှပ်အင်္ကျီကိုအမြန်ချွတ်ပြီးရိပေါ့်ဒဏ်ရာကိုအုပ်ပေးထားလိုက်သည်....
"ကာပစ်ပေးထားမယ်bossတို့ဆုတ်တော့သူတိူ့ဘက်ကလဲအင်အားနဲနေပြီ..."
ရိပေါ်ကသူ့ကိုလက်ဆွဲပြီးဝင်လာတဲ့လမ်းအတိုင်းဦးတည်ပြေးလာတယ်.....
"ရိပေါ်တော်တော်လဲဝေးလာပြီ..ခဏနားရအောင်မင်းဒဏ်ရာကသွေးတွေအရမ်းထွက်နေပြီ..."
"....."
ကိုယ်တိုင်လဲအားလျော့ချင်နေပြီမို့ရိပေါ်ဘေးကတောစပ်ထဲနဲနဲဝင်ပြီးထိုင်ချလိုက်သည်...
YOU ARE READING
Forever and a day(completed)
Любовные романыငယ်ငယ်ကမှားယွင်းသိခဲ့တဲ့အကြောင်းအရာတွေကြောင့်ကိုယ်တိုင်ပြောင်းလဲပြစ်ခဲ့ရပြီးနာကျင်မှုတွေတွေပြည့်နှက်နေတဲ့ကောင်လေးနဲ့အမြဲတမ်းအတွက်မင်းကိုပဲရွေးချယ်ထားတာပါဆိုတဲ့သူ့ရဲ့ကိုကို..........