💖44

1K 106 2
                                    

Z

မနက်မိုးလင်းတဲ့အခါ ရွှယ်ဟွားတစ်ယောက်အိပ်ယာမှ စောစောနိုးလာပြီး အိပ်ယာမှ ထမည်အလုပ်မှာ သူမထလို့မရပေသူမခါးတွင် လက်တစ်ဆုံရစ်ပတ်ထားချင်းကြောင့်ဖြစ်သည်။

ရွှယ်ဟွားသည် သူမဘေးကိုပြန်ကြည့်တော့ ချန်ရင်နှစ်ချိုက်စွာအိပ်နေတာကိုတွေ့လိုက်ရသည်။

(ညတုန်းက ဘယ်အချိန်ပြန်ရောက်လဲ မသိဘူး ငါအိပ်ပျော်သွားလို့သူပြန်လာတာသတိမထားမိလိုက်ဘူး )

ရွှယ်ဟွားသည်မ​ဖြေးဖြေးချင်းချန်ရင်ရဲ့လက်ကိုဖယ်မလို့လုပ်ပေမဲ့

"ထပ်အိပ်အုံး"

"ကျွန်မ မအိပ်ချင်တော့ဘူး"

"ကိုယ်အိပ်ချင်သေးတယ်"
လို့ပြောကာ ရွှယ်ဟွားကိုရင်ခွင်ထဲထည့်ပြီး ချန်ရင်သည် ပြန်အိပ်ပျော်သွားတော့သည်။

(ဘာလို့ သူစိတ်တိုင်းကြပဲ အမြဲ လုပ်နေတာလဲ ဟွန့်)

ရွှယ်ဟွားသည် စိတ်ထဲမှာ ချန်ရင်ကိုမကျေနပ်တာတွေပြောပြီးပြန်အိပ်ပျော်သွားတော့သည်။

ချန်ရင်သည်ရွှယ်ဟွားကို ပွေ့ဖက်ထားပြီး ရွှယ်ဟွားပြန်အိပ်ပျော်သွားသောအခါ သူသည် ရွှယ်ဟွားရဲ့ခေါင်းကိုဖွဖွလေနမ်းလိုက်ကာ

"ကိုယ်တောင်းပန်ပါတယ် နောက်တခါကိုယ် ပိုပြီးသတိထားပါ့မယ် ကိုယ့်ဆီကမထွက်သွားပါနဲ့တော့ ကိုယ်မင်းကိုမနာကျင်စေချင်ဘူး"

ချန်ရင်ရဲ့စကားတွေကို အိပ်ပျော်နေတဲ့ရွှယ်ဟွားကတော့မကြားနိုင်ပါ ချန်ရင်ကလဲမကြားတာသိပင်မဲ့ပြောနေဆဲပင်ဖြစ်သည် ညက သူရဲ့အခြားတစ်ဖက်နဲ့တိုက်ခိုက်ပြီး သူ့ကိုယ်သူပြန်ထိန်းချူပ်နိုင်လာခဲ့တာဖြစ်သည်။

ဒါပေမဲ့လဲအပြည့်ဝထိန်းချုပ်နိုင်တာမျိုးတော့မဟုတ်သေးပေ
သူရဲ့စိတ်ထဲမှာ သူ့ရဲ့အခြားတစ်ဖက်က အမြဲလိုလိုအနှောက်ယှက်ပေးနေသည်။

(ဟ..မင်းကဒိလိုပျော့ညံနေတော့သူမကိုမထိန်းချုပ်နိုင်တာမဆန်းပါဘူး ဟာ့)

ချန်ရင်၏စိတ်ထဲမှာပိတ်လှောင်ထားသည့် သူ့၏အခြားတစ်ဖက်သည် သူကိုခနဲ့တဲ့စကားများတောက်ရှောက်ပြောနေတော့သည်။

အရာအားလုံးကို စတင်မိခဲ့သော ကျွန်မ s1Where stories live. Discover now