💖50

1K 85 2
                                    

ချန်ရင် သတိမေ့ပြီးနောက်တွင်ရွှယ်ဟွားသည် ချန်ရင်ကိုနေညမပြတ် ပြုစုစောင့်ရှောက်ပေးနေတော့သည်။

အခုသူမရဲ့စိတ်ထဲမှာ ချန်ရင်သတိမေ့နေတုန်းထွက်ပြေးရမယ်ဆိုတဲ့စိတ်လုံးဝကိုမရှိပေ သူမယခုချန်ရင်ကိုအရမ်းစိတ်ပူနေတာပဲရှိသည်။

ချန်ရင်သတိမေ့နေတာဆိုယ​နေ့နဲ့ဆို၃ရက်မြှောက်နေ့ရှိပြီဖြစ်သည်။

ရွှယ်ဟွားသည် ချန်ရင်ရဲ့ဘေးနားမှာထိုင်ချလိုက်ပြီး

"အိပ်..အိပ်...အိပ် အိပ်နေလိုက် ဘယ်ဘဝထဲက အိပ်ရေးမဝဖြစ်နေလို့ ဒီလောက်အကြာကြီး အိပ်နေရတာလဲ

ရှင်အိပ်နေတာလဲကောင်းတာပဲ ကျွန်မကို နေ့တိုင်းပွစိပွစိ​ပြောမဲ့သူမရှိတာ နားအေးတယ်သိလား ဟင့်"

ရွှယ်ဟွားသည်အလိုမကျစွာ ပြန်ထလိုက်ပြီးတော့ခါးကိုထောက်လိုက်ကာ ချန်ရင်ကိုစိုက်ကြည့်လိုက်ပြီးတော့ လက်ညှိုးထိုးကာ

"ရှင် ကျွန်မဒီလောက် နားပူနားဆာလုပ်နေတာတောင်ထလာဖို့စိတ်ကူးမရှိဘူးလား"

ရွှယ်ဟွားသည် ထိုသို့ပြောပြီးနောက် နှာတစ်ချက်မှုတ်ကာ
အပြင်သို့ထွက်သွားလိုက်ပြီး ခြံဝန်းထဲက ကျောက်ခဲတွေကိုကန်ကာ ဘာလုပ်လို့ဘာကိုင်ရမလဲမသိပဲဖစ်နေပြီး

သူမအခုသိတာ သူမဒေါသအရမ်းထွက်နေပြီး အရမ်းဆိုးရိန်နေတာကိုပဲ သူမသိသည်။

ထိုအချိန်တွင် ရွှယ်ဟွားရှိနေခြံဝန်းထဲသို့ ချိန်ယွီဦးဆောင်ပြီးတော့ လူတစ်ချို့ရွှယ်ဟွားဆီသို့လျှောက်လာတော့သည်။

"သူမကိုဖမ်းလိုက်ကြ သူကတောင်သခင်ကို သေကြောင်းကြံတာ"

(ဘာ!!!!!!)

ရွှယ်ဟွားသည် အံအားသင့်သွားပြီး ချိန်ယွီကိုစိုက်ကြည့်လိုက်သည်။ပြီးတော့မှ တစ်ခုခုကိုသတိရသွားဟန်နှင့်

(ဟုတ်သားပဲ ငါမေ့သွားတယ် ချိန်ယွီလဲ ဗီလိန်တစ်ယောက်ပဲဆိုတာ သူကချန်ရင်နားကပ်တဲ့ဘယ်ကောင်မကိုမှကြည့်ရတာ
မဟုတ်ဘူး အဲ့ထဲမှာ ငါပါပါနေပြီ)

ရွှယ်ဟွားသည် သူကိုဖမ်းဖို့လာနေတဲ့လူနှစ်ယောက်ဆီသို့
သွေးအေးစွာ စိုက်ကြည့်လိုက်ပြီး

အရာအားလုံးကို စတင်မိခဲ့သော ကျွန်မ s1Where stories live. Discover now