Part 1

2.9K 462 2
                                    

[Unicode]

ရှန်းယိထန် သူ့ဘဝမှာပထမဆုံးအကြိမ် ရည်းစားကောင်လေးတစ်ယောက်ရရှိခဲ့တယ်။ သူ့မှာက ချစ်စရာကောင်းတဲ့နာမည်လေးရှိတယ် ကျန်းချန်ချန်တဲ့။

သူ့ချစ်သူသေးသေးလေးက နူးညံ့သိမ်မွေ့ပြီးလှ ပေမယ့်လည်း သူက သူ့ကိုယ်သူအရမ်းသတိထားတဲ့ပုံမပေါ်ဘူး။ သူက အမှတ်မထင်နဲ့ လူတွေရဲ့အာရုံဆွဲဆောင်ထားနိုင်တာမို့ ရှန်းယိထန်တစ်ယောက် ချိုမြိန်လှစွာဖြင့် စိုးရိမ်ပူပန်ဖို့ပဲရွေးချယ်စရာရှိတော့တယ်။

" ဟယ်လို ၊ ဟယ်လို  စီနီယာ xx လားဗျ " ကျန်းချန်ချန်ရဲ့ နူးညံ့လှတဲ့အသံလေးက ဘေးနားကနေထွက်ပေါ်လာတယ်။

သူ့ဖုန်းနဲ့ဆော့နေတဲ့ ရှန်းယိထန်က သတိရှိရှိနဲ့သူ့ခေါင်းကိုမော့လိုက်တယ်။ သူ့နားရွက်လေးတွေကတုန်ရီနေပြီး ရုတ်တရက်မတ်တပ်ရပ်လိုက်မိတယ်။

စီနီယာ? ဘာလို့သူက အရမ်းကိုတရင်းတနှီးနဲ့ခေါ်နေရတာလဲ။

" ဟုတ်သား ကျွန်တော် အချိန်အကြာကြီးအဆက်အသွယ်ပြတ်​နေခဲ့တာပဲ။ သေချာပေါက် ကျွန်တော်သတိရနေခဲ့တာ " ကျန်းချန်ချန်ရဲ့အသံမှာ အပြုံးတစ်ခုပါရှိနေတယ်။

ရှန်းယိထန်ရဲ့အမူအရာက ချက်ချင်းကိုအလေးအနက်ဖြစ်လာတယ်။ သူက ကျန်းချန်ချန်ရဲ့သတိမထားမှုကို အခွင့်အရေးယူလိုက်ပြီး ဖြည်းဖြည်းချင်း သူ့ဖုန်းနားကိုတိုးကပ်သွားလိုက်တယ်။

" စီနီယာရဲ့ ကောင်မလေးကိုသွားခေါ်ဖို့ပြင်နေတာလား " ကျန်းချန်ချန်က အနည်းငယ်ဝမ်းနည်းသွားခဲ့တယ်။  " အိုခေ အိုခေ ကျွန်တော်နောက်မှပဲ စီနီယာနဲ့စကားပြောတော့မယ် "

ရှန်းယိထန်ရဲ့အမူအရာတို့ကပြေလျော့သွားပြီး သူ့နားရွက်တို့ကိုလည်း ဖြေလျော့ထားလိုက်တယ်။ သူက သူ့ခေါင်းကိုငုံ့လိုက်ပြီး ဖုန်းကိုဆက်ဆော့နေလိုက်တယ်။

ကျန်းချန်ချန်ကဖုန်းချလိုက်ပြီး နောက်ဆုံးစာတမ်းရေးဖို့ သင်ထောက်ကူပစ္စည်းများအတွက် ဆက်လက်ရှာဖွေနေလေတယ်။

ထိုအချိန်မှာပဲ သူကသန့်ရှင်းရေးစလုပ်လိုက်ပြီး ရှန်းယိထန်ကရုတ်တရက် သူ့အသံထဲမှာ သိုဝှက်ထားတဲ့ခါးသီးမှုတွေကို သယ်ဆောင်ထားရင်းမေးလိုက်တယ် " စီနီယာ xx ကဘယ်သူလဲ "

**********************************************

[Zawgyi]

ရွန္းယိထန္ သူ႕ဘဝမွာပထမဆုံးအႀကိမ္ ရည္းစားေကာင္ေလးတစ္ေယာက္ရရွိခဲ့တယ္။ သူ႕မွာက ခ်စ္စရာေကာင္းတဲ့နာမည္ေလးရွိတယ္ က်န္းခ်န္ခ်န္တဲ့။

သူ႕ခ်စ္သူေသးေသးေလးက ႏူးညံ့သိမ္ေမြ႕ၿပီးလွ ေပမယ့္လည္း သူက သူ႕ကိုယ္သူအရမ္းသတိထားတဲ့ပုံမေပၚဘူး။ သူက အမွတ္မထင္နဲ႕ လူေတြရဲ႕အာ႐ုံဆြဲေဆာင္ထားနိုင္တာမို႔ ရွန္းယိထန္တစ္ေယာက္ ခ်ိဳၿမိန္လွစြာျဖင့္ စိုးရိမ္ပူပန္ဖို႔ပဲေ႐ြးခ်ယ္စရာရွိေတာ့တယ္။

" ဟယ္လို ၊ ဟယ္လို  စီနီယာ xx လားဗ် " က်န္းခ်န္ခ်န္ရဲ႕ ႏူးညံ့လွတဲ့အသံေလးက ေဘးနားကေနထြက္ေပၚလာတယ္။

သူ႕ဖုန္းနဲ႕ေဆာ့ေနတဲ့ ရွန္းယိထန္က သတိရွိရွိနဲ႕သူ႕ေခါင္းကိုေမာ့လိုက္တယ္။ သူ႕နား႐ြက္ေလးေတြကတုန္ရီေနၿပီး ႐ုတ္တရက္မတ္တပ္ရပ္လိုက္မိတယ္။

စီနီယာ? ဘာလို႔သူက အရမ္းကိုတရင္းတႏွီးနဲ႕ေခၚေနရတာလဲ။

" ဟုတ္သား ကြၽန္ေတာ္ အခ်ိန္အၾကာႀကီးအဆက္အသြယ္ျပတ္​ေနခဲ့တာပဲ။ ေသခ်ာေပါက္ ကြၽန္ေတာ္သတိရေနခဲ့တာ " က်န္းခ်န္ခ်န္ရဲ႕အသံမွာ အၿပဳံးတစ္ခုပါရွိေနတယ္။

ရွန္းယိထန္ရဲ႕အမူအရာက ခ်က္ခ်င္းကိုအေလးအနက္ျဖစ္လာတယ္။ သူက က်န္းခ်န္ခ်န္ရဲ႕သတိမထားမႈကို အခြင့္အေရးယူလိုက္ၿပီး ျဖည္းျဖည္းခ်င္း သူ႕ဖုန္းနားကိုတိုးကပ္သြားလိုက္တယ္။

" စီနီယာရဲ႕ ေကာင္မေလးကိုသြားေခၚဖို႔ျပင္ေနတာလား " က်န္းခ်န္ခ်န္က အနည္းငယ္ဝမ္းနည္းသြားခဲ့တယ္။  " အိုေခ အိုေခ ကြၽန္ေတာ္ေနာက္မွပဲ စီနီယာနဲ႕စကားေျပာေတာ့မယ္ "

ရွန္းယိထန္ရဲ႕အမူအရာတို႔ကေျပေလ်ာ့သြားၿပီး သူ႕နား႐ြက္တို႔ကိုလည္း ေျဖေလ်ာ့ထားလိုက္တယ္။ သူက သူ႕ေခါင္းကိုငုံ႕လိုက္ၿပီး ဖုန္းကိုဆက္ေဆာ့ေနလိုက္တယ္။

က်န္းခ်န္ခ်န္ကဖုန္းခ်လိဳက္ၿပီး ေနာက္ဆုံးစာတမ္းေရးဖို႔ သင္ေထာက္ကူပစၥည္းမ်ားအတြက္ ဆက္လက္ရွာေဖြေနေလတယ္။

ထိုအခ်ိန္မွာပဲ သူကသန့္ရွင္းေရးစလုပ္လိုက္ၿပီး ရွန္းယိထန္က႐ုတ္တရက္ သူ႕အသံထဲမွာ သိုဝွက္ထားတဲ့ခါးသီးမႈေတြကို သယ္ေဆာင္ထားရင္းေမးလိုက္တယ္ " စီနီယာ xx ကဘယ္သူလဲ "

**********************************************

© ရှာလကာရည်အိုးလေး  {ဘာသာပြန်}Where stories live. Discover now