Part 2

2.3K 421 6
                                    

[Unicode]

ရှန်းယိထန်နဲ့ကျန်းချန်ချန်တို့ အင်တာနက်မှာနာမည်ကြီးနေတဲ့ လမ်းမပေါ် အတူလျှောက်နေကြတယ်။

ပရိတ်သတ်တွေကိုပိုပြီးဆွဲဆောင်နိုင်ဖို့အတွက် ဒီလမ်းပေါ်မှာ မကြာခဏအင်တာနက်ဆယ်လီတွေက လာလာရိုက်ကူးကြတယ်။

ဝူတိက အဲ့ဒီအင်တာနက်ဆယ်လီတွေထဲကတစ်ယောက်ဖြစ်တယ်။ သူက pokemon ရဲ့သစ္စာရှိ Fan တစ်ယောက်ဖြစ်ပြီး သူက သူကိုယ်တိုင်အတွက် ပီကာချူးရင်ထိုးလေးတောင်လုပ်ထားသေးတယ်။

ရင်ထိုးလေးက အကြမ်းထည်လုပ်ထားတာဖြစ်ပေမယ့်လည်း သူ့ပရိတ်သတ်တွေက သူရှက်နေတဲ့ပုံလေးကို ကြည့်ပြီးပျော်ရွှင်တဲ့ပုံပေါက်နေတယ်။

ဒီရင်ထိုးလေးကိုမိတ်ဆက်ထားတဲ့ ဗီဒီယိုရိုက်ကူးနေစဥ်မှာပဲ သူ့ပရိတ်သတ်တွေက နောင်ထုတ်လွှင့်သမျှဗီဒီယိုတိုင်းမှာလည်း ဒီရင်ထိုးလေး ထိုးထားဖို့ Comment ဝိုင်းပေးကြတယ်။

သူ့ကို အကုန်လုံး မှတ်မိစေဖို့နဲ့ သူ့ပရိသတ်တွေရဲ့ မကောင်းဆိုးဝါးဆန်ဆန်အကြိုက်ကို လိုက်ဖို့အတွက် သူဟာ အရှက်ကွဲခြင်းကို သည်းခံပြီး ရိုက်ကူးတဲ့နေရာတိုင်းမှာ အဲ့ရင်ထိုးကို ဝတ်ခဲ့တယ်။

လမ်းသွားရင်းဝတ်ရတာက နည်းနည်းလေးရှက်ဖို့ကောင်းနေခဲ့ပေမယ့်လည်း သူ့လုပ်ထားတဲ့လက်ရာက တကယ်ကိုသိပ်ကောင်းမနေခဲ့ဘူး။ ဒါပေမယ့်လည်း လမ်းသွားလမ်းလာအကုန်လုံးမှတ်မိစေဖို့နဲ့ ပိုက်ဆံများများရဖို့ အတွက်ဆိုပြီး သူ့ကိုယ်သူပြန်ပြီးနှစ်သိမ့်ထားခဲ့တယ်။

ဒီတစ်ကြိမ် ဝူဒီရိုက်ကူးရေးလုပ်မည့်နေရာက အင်တာနက်မှာကျော်ကြားနေတဲ့ လမ်းမှာဖြစ်တယ်။ သူက ကြည့်ကောင်းတဲ့ဒေါင့်ကို ရှာတွေ့ခဲ့ပြီး ဖုန်းကင်မရာကို လှည့်ကာ  ပုံမှန်အတိုင်းပဲ ဗီဒီယိုတစ်ပုဒ်ရိုက်ဖို့ ပြင်လိုက်တယ်။ ဒါပေမဲ့ ရုတ်တရက်ကြီး မြင်ကွင်းတစ်ခုက ဥပေက္ခာပြုဖို့ ခဲယဥ်းနေတာကို တွေ့လိုက်ရတယ်။ ချောမောတဲ့လူငယ်လေးတစ်ယောက်က သူ့ရဲ့ရှပ်အင်္ကျီပေါ်က ရင်ထိုးကို စိုက်ကြည့်နေတယ်လေ။

ဒီချောမောတဲ့လူငယ်လေးက တကယ်ကြီးသူ့ကိုကြည့်နေတာ...ဝူတိဟာ သူ့အတွေးတွေကိုပြဖို့ ထိုလူငယ်လေးကို ပြီးပြည့်စုံစွာပြုံးပြခဲ့လိုက်တယ်။

© ရှာလကာရည်အိုးလေး  {ဘာသာပြန်}Where stories live. Discover now