Part 3

1.8K 403 3
                                    

[Unicode]

တနင်္ဂနွေနေ့ရဲ့ ညနေခြောက်နာရီတိုင်းမှာ ကျန်းချန်ချန်က စီနီယာအထက်တန်းကျောင်းတက်နေတဲ့ကောင်လေး ရှောင်လင်းကိုဂိုက်လုပ်ပေးရတယ်။ 

ကျန်းချန်ချန်က ဟာသဥာဏ်ရွှင်ပြီး ရယ်စရာကောင်းတဲ့ဆရာတစ်ယောက်ဆိုတာ ၂ခါပြန်တွေးစရာမလိုဘူး။ ကြည့်ရတာ လူငယ်လေးတွေက ဒီလိုထက်မြက်တဲ့ သက်တူရွယ်တူတွေကိုပဲ သဘောကျကြတာ ဖြစ်မယ်။

တစ်နေ့မှာ ကျန်းချန်ချန်က ရှန်းယိထန်ကို သူ့ကျောင်းသားလေးက သူနဲ့အရမ်းကိုအစေးကပ်တယ်ဆိုပြီး ဟာသအနေနဲ့ပြောလိုက်တယ်။ ရှန်းယိထန် သူ့နှလုံးသားထဲပေါက်ကွဲသွားသလိုခံစားလိုက်ရတယ်။

အဲ့ဒီအစေးကပ်တဲ့ကလေးက သူ့မိသားစုကချန်ချန်လေးရဲ့ ကောင်းတဲ့အမြင်တွေပိုင်ဆိုင်ထားတာပဲ။

ရှန်းယိထန် အူတိုနေခဲ့တယ်။ ဒါပေမယ့်လည်း သူကအပြုံးလေးနဲ့ပဲပြောလိုက်တယ် " တကယ်လား။ နောက်အပတ်ကျရင် ကိုယ်မင်းကိုအဲ့နေရာ လိုက်ပို့ပေးမယ်လေ။ ကိုယ်လည်း ကိုယ့်ရဲ့ဂျူနီယာညီလေးကို သင်ပြပေးနိုင်တာပေါ့ "

ကျန်းချန်ချန်ကသိပ်ပြီးမတွေးခဲ့မိဘူး။ သူက နည်းနည်းတောင်အံ့သြပြီး ပြောလိုက်မိတယ် " ကောင်းတာပေါ့။ မင်းလိုမျိုး အရမ်းကောင်းတဲ့ စံပြစီနီယာမျိုးကို သူမြင်ရင်ပျော်သွားမှာပဲ "

ရှန်းယိထန်က ပြုံးပြီးခေါင်းညိတ်လိုက်ပေမယ့် သူ့ရဲ့ဗီလိန်ဆန်တဲ့နှလုံးသားလေးကတော့ ထိုကောင်သေးသေးလေးအတွက် သေဖို့နည်းလမ်းပေါင်းများစွာကို စဥ်းစားနေတယ်။

တနင်္ဂနွေနေ့က သိပ်မကြာခင်ပဲရောက်လာတယ်။ ရှောင်လင်း တံခါးဖွင့်လိုက်တဲ့အခါ သူ့ရဲ့နူးနူးညံ့ညံ့ ဂိုက်ဆရာလေးရဲ့ဘေးမှာ ပြင်းထန်သောအကြည့်တွေနဲ့အတူမတ်တပ်ရပ်နေတဲ့ ယောက်ျားတစ်ယောက်ကို မြင်လိုက်ရတယ်။

ဒါပေမယ့်လည်း သူ့ဆရာကနောက်လှည့်ပြီး ထိုလူကိုစကားပြောလိုက်တဲ့အခါ ထိုလူကနူးညံ့တဲ့အပြုံးတစ်ခုကိုပြသလာတယ်။

ရှောင်လင်းကထိုလူရဲ့မျက်နှာကို အံ့အားသင့်စွာကြည့်လိုက်မိတယ်။

© ရှာလကာရည်အိုးလေး  {ဘာသာပြန်}Where stories live. Discover now