Ep.1

3.4K 162 8
                                    




သည်းကြီးမဲကြီးရွာနေတဲ့ မိုးရေစက်တွေကြားမှာ​အကာအကွယ်မပါဘဲပြေးလွှားနေတဲ့ကောင်မလေးတစ်ယောက်...
သူမကိုယ်သူမ မိုးရေတွေစိုသွားမှာထက်
ရင်ခွင်ထဲမှာပိုက်ထားတဲ့စာရွက်တစ်ချိူ့မိုးရေစိုသွားမှာကိုပိုစိုးရိမ်နေပုံပဲ...

"ဒီနေ့ကကံဆိုးတဲ့နေတစ်နေ့ပဲ"

အနီးမှာရှိတဲ့ဆိုင်လေးတစ်ခုထဲကို၀င်ကာမိုးခိုရင်းသူမငြီးတွားလိုက်တယ်။
တစ်ကိုယ်လုံးမိုးရေတွေ
စိုရွဲနေပေမဲ့ရင်ခွင်ထဲမှာပိုက်ထားတဲ့
စာရွက်လေးတွေစိုမသွားတာတော့တော်သေးတာပေါ့။companyနဲ့သူမနေတဲ့တိုက်ခန်းကအနည်းငယ်နီးတာကြောင့်
ကားမယူဘဲလမ်းလျှောက်၍သာလာခဲ့သည်။အပြန်မှာမထင်မှတ်ထားဘဲ
ရုတ်တရက်မိုးရွာချတော့
တစ်ကိုယ်လုံးစိုရွဲလို့...

နာရီ၀က်လောက်ကြာတော့မိုးတိတ်သွားသည်။သူမလဲမိုးခိုနေရာကထွက်လာပြီး
သူမရဲ့တိုက်ခန်းရှိရာက်ို
ပြန်လာခဲ့လိုက်တယ်။

တိုက်ခန်းကိုပြန်ရောက်တော့
ဧည့်ခန်းထဲမှာထိုင်ကာကျွန်မကို
စောင့်နေဟန်တူတဲ့သူမက
စိုးရိမ်မျက်၀န်းတွေနဲ့ကျွန်မကို
ကြည့်ပြီးစကားဆ်ိုလာတယ်။

"LiLiကjenကိုစိတ်ပူနေခဲ့တာ"

ကျွန်မဘာမှပြန်မပြောဘဲ
မိုးရေကြောင့်စိုရွဲနေတဲ့
အ၀တ်တွေကိုလဲပြစ်ပြီး
ရေချိူးဖို့ကိုယ့်အခန်းထဲကိုယ်သာ၀င်ခဲ့လိုက်တယ်။သူမနဲဲ့ကျွန်မကသူငယ်ချင်းလဲမဟုတ်.ဆွေမျိူးတွေလဲမဟုတ်.
သူမနဲ့ကျွန်မနေလာတာ၂လကျော်ပြီဆိုပေမဲ့သူမရဲ့နာမည်ကိုကျွန်မကောင်းကောင်းမသိ.
သူမနဲ့အတူနေလာတဲ့အတောအတွင်းမှာသူမဘက်ကစကားစမြည်
အနည်းငယ်ပြောပေမဲ့ကျွန်မဘက်က
စကားစပြောခဲ့တာမျိူးလဲမရှိ.
ဒါပေမဲ့သူမဟာကျွန်မထက်ငယ်တဲ့ကျောင်းသူတစ်ယောက်ဆိုတာကိုတော့သိတယ်။

တစ်ခါမှမသိခဲ့ဘူးတဲ့လူနှစ်ယောက်ကတိုက်ခန်းတစ်ခုထဲမှာဘယ်လိုဖြစ်ပြီး
အတူနေဖြစ်ခဲ့ကြသလဲမေးရင်
အဖြေကအဆန်းသား...ကျွန်မရဲ့တိုက်ခန်းနေရာကသူမပန်းချီဆွဲဖို့
နေရာကောင်းတစ်ခုဖြစ်နေလို့တဲ့လေ။အဲ့ဒီတုန်းကကျွန်မဘာကြောင့်
သူမကိုမငြင်းခဲ့သလဲဆ်ိုတာကျွန်မလည်းမမှတ်မိတော့ဘူး။ဖြစ်နိုင်တာကသူမကချောလို့ဖြစ်မယ်။

Crazy Over YouWhere stories live. Discover now