သူမနဲ့အတူလက်ရာကောင်းလွန်းလှ
တဲ့မနက်စာကိုစားပြီးပုံမှန်အတိုင်း
companyကိုလမ်းလျှောက်ပြီးလာခဲ့
တယ်။ကျွန်မရောက်လာပြီဆိုတာနဲ့
companyအဝင်ဝမှာတန်းစီကာ
ခါးညွတ်ပြီးနှုတ်ဆက်နေကြတဲ့
၀န်ထမ်းတွေကိုလျစ်လျူပြုရင်း
ကျွန်မရဲ့ကိုယ်ပိုင်ရုံးခန်းထဲကိုတန်းတန်းမတ်မတ်ဝင်လာခဲ့လိုက်တယ်။ရုံးခန်းရဲ့ရှေ့မှာကျွန်မရဲ့
အတွင်းရေးမှူးဖြစ်တဲ့Sooက
ပြုံးပြပြီးနှုတ်ဆက်တယ်။Sooနဲ့ကျွန်မကငယ်ငယ်ကတည်း
ကရင်းနှီးခဲ့တဲ့သူတွေကျွန်မက
Sooကိုအမအရင်းတစ်ယောက်လို
သဘောထားသလိုSooကလည်း
ကျွန်မကိုညမအရင်းတစ်ယောက်လို
ဂရုစိုက်ပြီးတအားချစ်ရှာတာ"Morning jen,ဒီနေ့ဘာဟင်းလဲ"
Sooကကျွန်မကိုနှုတ်ဆက်ရင်း
နောက်ပြောင်နေပြန်ပြီ။ကျွန်မနဲ့ကလေးမလေးရဲ့အကြောင်းကိုSooကိုပြောပြထားတယ်လေ
အလုံးစုံတော့မဟုတ်ဘူးပေါ့
ကျွန်မကလေးမကိုချစ်နေမိတဲ့
အကြောင်းလေးကိုမပြောဘဲချန်ထားတယ်။"ဒီနေ့jenကိုသူထမင်းကြော်ကျွေးတယ်,မထင်မှတ်ထားလောက်အောင်သူ့ရဲ့လက်ရာကတကယ်ကောင်းတယ်"
"Woah~~jenသူ့မရဲ့လက်ရာကိုတစ်သက်လုံးမစားချင်ဘူးလား"
"မနောက်စမ်းပါနဲ့Sooရယ်သူမက
ကလေးမလေးပဲရှိသေးတယ်"ကျွန်မခပ်ဟဟရယ်ကာပြန်ပြောပြီး
ရုံးခန်းထဲကိုဝင်လာလိုက်တော့တယ်။
ကျွန်မရင်ထဲမှာကလေးမကို
ချစ်မိနေတယ်ဆိုတာ
ကျွန်မကိုယ်ကျွန်မနဲ့
ဘုရားရှင်ကလွဲပြီးဘယ်သူမှ
မသိသေးသလိုဘယ်သူ့ကိုမှ
လဲမသိစေချင်သေးဘူး။အဲ့လိုတွေသိသွားတဲ့အခါ
သူမနဲ့ဝေးသွားရမှာကို
ကျွန်မကြောက်နေမိတာ။ကျွန်မတွေးလက်စတွေကို
ရပ်လိုက်ပြီးတစ်နေ့တစ်နေ့
မပြီးနိုင်တဲ့ကျွန်မရဲ့အလုပ်တွေကို
လုပ်ဖို့သာစိတ်နှစ်လိုက်တော့တယ်။Lili'side
သူ့ကိုမနက်တိုင်းမနက်စာ
ပြင်ပေးရတာကိုသဘောကျတယ်။
အဲ့လိုလုပ်ပေးရတဲ့အခါ
ကျွန်မကိုယ်ကျွန်မသူနဲ့သက်ဆိုင်တဲ့
လူတစ်ယောက်လိုမျိူးခံစားရလို့။ကျွန်မစိတ်ကူးယဉ်တာ
လွန်နေပြန်ပါပြီ။
ဒီလိုနဲ့ကျွန်မရဲ့စိတ်ကို
သူရိပ်မိသွားရင်ဘယ်လိုလုပ်မလဲ။သူမုန်းသွားမှာထက်စာရင်
အခုအခြေအနေလေးက
ပိုကောင်းတယ်မဟုတ်လား။ကျွန်မနဲ့သူရဲ့ဆက်ဆံရေးကို
အမုန်းတွေနဲ့မရပ်စဲချင်ဘူး။
YOU ARE READING
Crazy Over You
Romance"အန်တီရူဘီကသာပုံတူဆွဲခအနေနဲ့အနမ်းတပွင့်ပေးမယ်ဆိုရင်Liကနေ့တိုင်းအန်တီ့အတွက်ပုံတူတွေကိုမညည်းမငြူဘဲဆွဲပေးနေမိမှာပဲ" "အန်တီရူဘီကသာပုံတူဆွဲခအနေနဲ့အနမ်းတပွင့်ပေးမယ်ဆိုရင်Liကနေ့တိုင်းအန်တီ့အတွက်ပုံတူတွေကိုမညည်းမငြူဘဲဆွဲပေးနေမိမှာပဲ"