Ep.5(Uni+Zawgyi)

690 89 9
                                    

(Uni)

ညစာ စားပြီးတဲ့နောက်ဆေးကြောရေးတာဝန်ကိုပဲကျွန်မကပဲဇွတ်အတင်းတာဝန်ယူလိုက်ပြီး အန်တီ့ကိုတော့အခန်းထဲမှာပဲနားနေစေလိုက်တယ်။သူလည်းအလုပ်တဖက်နဲ့ညစာပြင်ပေးထားရတာဆိုတော့ပင်ပန်းနေရောပေါ့။ပန်းကန်တွေကိုပြောင်စင်အောင်ဆေးကြောပြီး အန်တီဘာများလုပ်နေမလဲကြည့်မိတော့ သူတပ်လေ့ရှိတဲ့မျက်မှန်လေးနဲ့အလုပ်စားပွဲမှာထိုင်ရင်း ဖိုင်တွေကိုဟိုလှန်ဒီလှန်ဖြင့်အလုပ်များနေလေရဲ့။အနှောက်အယှက်ဖြစ်မည်စိုးတာကြောင့် အခန်းထဲမှတိတ်တဆိတ်ပြန်အထွက်မှာအန်တီ့ရဲ့အသံချိူချိူလေးကိုကြားလိုက်ရတယ်။

"Li..တို့ဆီလာတာဆိုလည်းဝင်လာခဲ့လေကွယ်"

"Jenကိုအနှောက်အယှက်ဖြစ်မှာစိုးလို့ပါ"

"Liကတို့အတွက်အနှောက်အယှက်ဖြစ်စရာလား အနားကိုလာပြီးအားအင်တွေပေးပါအုံး"

အလုပ်စားပွဲမှထိုင်နေရင်းကျွန်မရဲ့ရင်ခွင်မှာခိုလှုံဖို့လက်ဆန့်တန်းကာစောင့်ကြိုနေတဲ့အန်တီ့ရဲ့အပြုံးတွေက ပျားရည်ထက်ပင်ချိုသာလိုက်တာ။ကျွန်မတုံ့ဆိုင်းမနေဘဲအန်တီ့ရှိရာအလုပ်စားပွဲလေးဆီအပြေးလေးသွားမိတော့ နူးညံ့တဲ့အန်တီ့ရဲ့လက်တစ်စုံက ကျွန်မရဲ့ကျောပြင်ငယ်ကို သွယ်ဝိုက်လျှက်ဖက်တွယ်လာတယ်။

"အခုလိုLiဆီကထွေးပွေ့မှုလေးရလိုက်တော့ပင်ပန်းထားတာတွေပျောက်ပြီးအားအင်တွေပြည့်သွားတာပဲ"

"Liလည်းပင်ပန်းထားတာတွေပျောက်သွားပြီ"

"အမယ်ရှင်လေးကဘာတွေပင်ပန်းထားလို့လဲ"

"စောနကပန်းကန်တွေဆေးထားရလို့လေ"

"အရူးမလေး တို့ပြောသားပဲမဆေးပါနဲလို့၊အခုတော့ပင်ပန်းရပြီမဟုတ်လား"

"LiကစတာပါJenရဲ့တကယ်မပင်ပန်းပါဘူး,Jenအနားမှာနေရရုံနဲ့ပင်ပန်းတယ်ဆိုတာကိုမရှိဘူး"

"အခုကစကားတွေနဲ့ကျွန်မကိုချူပ်နေတာလားLiLi"

အန်တီကကျွန်မခေါင်းကိုခပ်ဖွဖွပုတ်ကာရယ်မောနေလေသည်။အဲ့ဒီအပြံူးတွေကိုတစ်သက်လုံးမြင်သွားလိုက်တယ်အန်တီရာ။

Crazy Over YouWhere stories live. Discover now