(uni)
လျှောပ်ဖွပ်လက်စအဝတ်တွေကိုအမြန်ဆုံးအပြီးသတ်လိုက်ပြီး သူ့အတွက်နေ့လည်စာဘူးလေးပြင်ကာ သူ့ရဲ့companyကိုထွက်လာခဲ့လိုက်တယ်။ဒါဟာသူ့ရဲ့companyကိုပထမဆုံးအကြိမ် ကျွန်မရောက်ဖူးခြင်းပဲ။သူပိုင်တဲ့companyကြီးက အရှိန်အဝါတွေနဲ့ထည်ဝါလိုက်တာဆိုတာများ ကျွန်မမှာပါးစပ်အဟောင်းသားပဲ။သူ့ရဲ့ကြီးမားလှတဲ့companyကြီးထဲကိုယောင်လည်လည်နဲ့ ဝင်သွားပြီးသူရှိနေမဲ့ရုံးခန်းကိုလိုက်ရှာဖို့အတွက်ဧည့်ကြိုကောင်တာမှာမေးရတော့တယ်။
Jen's side,
"ဒေါက် ဒေါက် ဒေါက်!"
တံခါးခေါက်သံရဲ့အဆုံးမှာအခန်းထဲကိုဝင်ရောက်လာတဲ့Sooသူ့ရဲ့နောက်မှာတော့မျက်လုံးဝိုင်းဝိုင်းလေးနဲတိတ်တခိုးမြတ်နိုးရတဲ့ကျွန်မရဲ့ကလေးမလေး။
"Jenနဲ့တွေ့ချင်တယ်ဆိုပြီး အောက်ကဧည့်ကြိုကောင်တာမှာ အကူအညီတောင်းနေတာမြင်လို့ ခေါ်လာပေးတာ"
"ဟုတ်လားကျေးဇူးပဲနော်Soo"
"ဒါဆိုငါအလုပ်သွားလုပ်တော့မယ်"
Sooအပြင်ကိုပြန်ထွက်သွားသည့်တိုင်အောင်အပေါက်ဝလေးမှာပဲကုပ်ကုပ်လေးရပ်နေတဲ့သူမ,
"အဲ့ဒီမှာရပ်ပြီးဘာလုပ်နေတာလဲ ဝင်လာခဲ့လေLi"
ကျွန်မပြောမှပဲအခန်းထဲကို ဝင်လာပြီးကျွန်မရဲ့ဘေးကခုံမှာဝင်လာထိုင်တဲ့ကလေးမ,ကျွန်မများမပြောရင်သူအပေါက်ဝတင်ပဲရပ်နေမယ်စိတ်ကူးသလားမသိ။
"မင်းဒီနေ့ကျောင်းမသွားဘူးလားLi"
"နည်းနည်းနေမကောင်းဖြစ်ချင်နေလို့အိ်မ်မှာပဲနားလိုက်တာ"
ကျွန်မညာလိုက်ရတယ် သူ့ရဲ့အကြောင်းကိုစဉ်းစားနေမိလို ့ကျောင်းနောက်ကျသွားပါတယ်ဆိုပြီးသိသွားရင် သူဘယ်လိုတုံ့ပြန်လေမလဲ၊စိ်တ်ဆိုးသွားမလားဒါမှမဟုတ်...
တွေးနေတဲ့ကျွန်မရဲ့စိတ်အလုံးစုံဟာ သူ့ရဲ့အပြုအမူလေးတစ်ခုအောက်မှာ ပျက်ပျယ်သွားခဲ့ရတယ်။ကျွန်မရဲ့နဖူးပေါ်ရောက်နေတဲ့ သူ့ရဲ့လက်ဖမိုးလေးက နူးညံ့လိုက်တာ။
YOU ARE READING
Crazy Over You
Romance"အန်တီရူဘီကသာပုံတူဆွဲခအနေနဲ့အနမ်းတပွင့်ပေးမယ်ဆိုရင်Liကနေ့တိုင်းအန်တီ့အတွက်ပုံတူတွေကိုမညည်းမငြူဘဲဆွဲပေးနေမိမှာပဲ" "အန်တီရူဘီကသာပုံတူဆွဲခအနေနဲ့အနမ်းတပွင့်ပေးမယ်ဆိုရင်Liကနေ့တိုင်းအန်တီ့အတွက်ပုံတူတွေကိုမညည်းမငြူဘဲဆွဲပေးနေမိမှာပဲ"