Flashback
"ဘယ်တော့များမှ နင် ငါ့ကို တစ်ယောက်တည်း အေးအေးဆေးဆေး နေခွင့်ပေးမှာလဲ" ဟု Jennie ဒေါသတကြီးပြောရင်း ကျွန်မ သူမကိုပေးသော နှင်းဆီပွင့်အား လွှင့်ပစ်လိုက်သည်။ ကျွန်မ ညင်သာစွာပြုံးနေလိုက်သည်။
"နင် တစ်ယောက်ယောက်ကိုချစ်မိလာတဲ့အခါမှပေါ့"
ထိုနေရာ၌ သူမရပ်နေရင်း ကြောင်မျက်လုံးကဲ့သို့ တဖိတ်ဖိတ်တောက်ပနေသောမျက်ဝန်းများဖြင့် အားရပါးရပြုံးနေကာ သူမ၏ locker ရှေ့၌ သူမ၏သူငယ်ချင်းများနှင့်အတူ မတ်တပ်ရပ်နေသည်။ သို့သော် သူမ၏ locker ကိုဖွင့်လိုက်စဉ်တွင် နောက်ထပ်နှင်းဆီတစ်ပွင့်ကို ထပ်တွေ့လိုက်ရသဖြင့် သူမ၏ပြုံးရွှင်နေသောမျက်နှာလေး ရှုံ့မဲ့သွားသည်။ သူမ သရော်၍ မျက်လုံးလွှဲကာ ထိုနှင်းဆီပွင့်လေးအား လွှတ်ပစ်ပြီး သူမသူငယ်ချင်းများနှင့်အတူ ထွက်သွားသောအခါ ကျွန်မရင်ထဲ စူးစူးနစ်နစ်ကို နာကျင်သွားရသည်။
"Damn, Monoban, ဒါ ဘယ်နှစ်ကြိမ်မြောက်လဲ။ နင် ပေးသမျှလက်ဆောင်တွေကို သူငြင်းတာ ဒါ အကြိမ် ၁၀၀ မြောက်မဟုတ်လား။ ဘယ်တော့မှ နင် လက်လျှော့ပြီး နင့်ကိုယ်နင် နာကျင်အောင်လုပ်နေတာကို ရက်တန့်မှာလဲ။" ဟု Jisooက စိတ်မကောင်းဖြစ်နေသောအမူအရာနှင့် မေးလာသည်။ သူမ စကြံၤန်လမ်းမှထွက်သွားတာကို ကြည့်ရင်း ကျွန်မ ဝမ်းနည်းစွာပြုံးမိသည်။
"သူမ တစ်ခြားတစ်ယောက်ယောက်ကိုချစ်မိသွားတဲ့အခါကျမှပေါ့" ဟု ကျွန်မ ပြန်ဖြေလိုက်ပြီး ကျွန်မ၏ locker ကိုပိတ်ကာ Jisoo ပခုံးကိုဖက်၍ စာသင်ခန်းဆီသို့ လျှောက်သွားလိုက်သည်။
ဘယ်နှစ်ကြိမ်ပဲအငြင်းခံရပါစေ ကျွန်မရဲ့နှလုံးသားက ကျွန်မရဲ့ ex best friend ဖြစ်သော Jennie ကိုချစ်သလိုမျိုး အခြားတစ်ယောက်ကိုချစ်မိလာမှာမဟုတ်ပေ။
Jennie နှင့် ကျွန်မက အိမ်နီးချင်းသူငယ်ချင်းတွေဖြစ်ခဲ့ကြသည်။ ကျွန်မ မှတ်မိနိုင်တဲ့အရွယ်ကတည်းက ကျွန်မတို့နှစ်ယောက်ကို ခွဲလို့မရခဲ့။ သူမကသာလျင် ကျွန်မ မှီခိုနိုင်သည့်သူဖြစ်သလို ကျွန်မကသာလျင် သူမ၏ယုံကြည်အားကိုးရသည့်သူဖြစ်ခဲ့ကြ၏။ ဒါတွေက အလယ်တန်းကျောင်းတက်စဉ် ကျွန်မခံစားချက်တွေကို သူမထံ ရင်မဖွင့်ခဲ့သည့်အချိန်ကသာဖြစ်သည်။
YOU ARE READING
JenLisa One shots (Myanmar Translation)
FanfictionFull credit to original author @lovely2431