“Nini”
ကျွန်မ အော်ခေါ်လိုက်သည်။ ကျွန်မဘက်သို့ သူမ လှမ်းကြည့်လာသော်လည်း ကျွန်မတို့ အတန်းဖော်တွေထဲက တစ်ယောက်ဖြစ်တဲ့ Kai အား ကျွန်မ နှစ်သက်ရပါသော အပြုံးလေးနှင့် ဆက်စကား ပြောနေသည်။
ကျွန်မ စိတ်ပျက်စွာ သက်ပြင်းချ၍ ကျွန်မလော့ကာကို မီပြီး ကျွန်မ သဘောမကျသော ထိုလူနှင့် သူမ စကားပြောပြီးသည်ကို စောင့်နေမိသည်၊ ထိုသို့စောင့်နေစဉ်တွင် ကျွန်မ နှလုံးသားမှ ပို၍ တဆစ်ဆစ် နာကျင်လာရသည်။မိနစ်ပိုင်းမျှ ကြာပြီးနောက် သူတို့နှစ်ယောက် ဖက်၍ နှုတ်ဆက်နေသည်ကို တွေ့လိုက်ရသောကြောင့် ကျွန်မ မျက်မှောင် ကြုတ်လိုက်မိသည်။ သူမ၏ အသည်းပုံ နှုတ်ခမ်းလေးက ရှက်ပြုံးလေးနေပြီး နီမြန်းနေသော ပါးပြင်တို့ဖြင့် ကျွန်မထံသို့ သူ လျှောက်လာနေသည်။
သို့သော် ကျွန်မအကြည့်နှင့်ဆုံသောအခါ သူမအပြုံးက ချက်ချင်း ပျောက်ကွယ်သွားသည်။ ကျွန်မရှေ့သို့ သူမက ခံစားချက်ကင်းမဲ့သော အမူအရာနှင့် လာရပ်သဖြင့် ကျွန်မ ပို၍ မျက်မှောင်ကြုတ် လိုက်မိသည်။
“Hi Nini”
ကျွန်မ ဖက်ရန် လက်ဆန့်လိုက်သော်လည်း သူမက အလျင်အမြန် နောက်ဆုတ်လိုက်ပြီး မည်သူမှ မရှိရန် မျှော်လင့်နေသကဲ့သို့ စင်္ကြံလမ်းကို ဝေ့ကြည့်လေသည်။
ကျွန်မ လက်ပြန်ချကာ သူမကို နာကျင်သော အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။ ထို့နောက် ကျွန်မ ဝေဒနာကို အပြုံးဖြင့် ဖုံးဖိလိုက်မိသည်။
“ဘာဖြစ်လို့လဲ”
ကျွန်မ မေးလိုက်သည်။ သူမက ပခုံးတွန့်၍ စိတ်မသက်မသာဖြစ်ကာ ဂနာမငြိမ်သော အမူအရာနှင့် ဘေးဘီကို ဆက်တိုက် ကြည့်နေ၏။
“ဘာမှမဖြစ်ပါဘူး”
သူမ ပြန်ဖြေသည်။ ကျွန်မ သူမကို မယုံသလို ကြည့်လိုက်မိပြီးမှ တကယ် ဘာမှမဖြစ်ရန် မျှော်လင့်၍ ထိုကိစ္စကို ချက်ချင်း မေ့ထားလိုက်သည်။
“ အင်း … အဲ့တော့ Kai ပေါ့ ဟုတ်လား”
ကျွန်မ ပြန်မေးလိုက်သည်။ သူမက ကျွန်မကို ငေးကြောင်ကြောင်နှင့် ကြည့်လာသည်။
YOU ARE READING
JenLisa One shots (Myanmar Translation)
FanfictionFull credit to original author @lovely2431