"Baby" ဟု ကျွန်မရှေ့မှာ ဒူးထောက်ရင်း Lisa က တိုးတိုးလေးခေါ်လာသည်။ ကျွန်မ စာအုပ်ဖတ်နေရမှ ခေါင်းကိုမော့လိုက်ပြီး ကျွန်မရှေ့၌ စိတ်ရှုပ်ထွေးကာ ဝမ်းနည်းနေဟန်ပေါက်နေသော ကျွန်မ၏ ချစ်စရာကောင်းသောဇနီးကို ငုံ့ကြည့်လိုက်သည်။
"ဘာလဲ.." ဟု ကျွန်မမေးလိုက်သည်။ သူမက နှာခေါင်းလေးရှုံတွတွလုပ်ကာ ကျွန်မဒူးပေါ်မေးတင်ရင်း ကျွန်မခြေသလုံးကိုဖက်လာသည်။ ကျွန်မကိုယ်ကိုရှေ့သို့ကိုင်းရင်း သူမခေါင်းလေးကို လက်ဖြင့်ပွတ်ပေးလိုက်သောအခါ သူမက ကျွန်မဘောင်းဘီစိုရွှဲသည်အထိ ငိုလေတော့သည်။
"ဘာဖြစ်လို့လဲ"ဟု ကျွန်မ မေးလိုက်သည်။ သူမက ခေါင်းကိုမော့၍ ကျွန်မကို စိတ်ထိခိုက်ဖွယ်ရာမျက်ဝန်းများဖြင့် ကြည့်သည်။
"ငါ....ငါ ညက တစ်ယောက်ယောက်ကိုနမ်းလိုက်မိတယ်။ ငါ မရည်ရွယ်ပါဘူး...ကျိန်ပြောရဲပါတယ်" ဟု သူမပြောရင်း ကျွန်မထွက်သွားမည်ကို ကြောက်သည့်အလား ကျွန်မခြေထောက်တွေကို ပို၍တင်းကြပ်စွာ ဖက်လာသည်။ ကျွန်မ သက်ပြင်းချပြီး စာအုပ်ကိုပိတ်လိုက်ပြီး ဘေးသို့ချလိုက်သည်။
"Lisa...." သူမက ခေါင်းကိုခါရင်း ကျွန်မ စကားပြောနေသည်ကို ဖျက်လိုက်သည်။ ကျွန်မလက်ကို သူမ ဆတ်ခနဲဆွဲယူလိုက်ပြီး
"ကိုယ် တကယ်တောင်းပန်ပါတယ် baby..ကိုယ် တကယ်မရည်ရွယ်ခဲ့ပါဘူး...ကိုယ် အရမ်းလည်းမူးနေတာ ပြီးတော့..." ကျွန်မ အကြည့်လွှဲလိုက်ရင်း သူမပါးစပ်ပေါ် ကျွန်မလက်တင်ကာ တားလိုက်သည်။
"Lisa, နင် မနေ့ညက ငါ့ကိုနမ်းခဲ့တာလေ။ ငါတို့ အိမ်မှာပဲ ဝိုင်သောက်ခဲ့ကြတာလေ။ မှတ်မိပြီလား"
"Oh!"
THE END
YOU ARE READING
JenLisa One shots (Myanmar Translation)
FanfictionFull credit to original author @lovely2431