မိုးပြေး(𝐆𝐋)

2.2K 81 15
                                    

(Unicode Version)

နှစ်တစ်နှစ်ရဲ့မတ်လဆန်းပိုင်းမှာ ငယ်နဲ့ ကျွန်မ ပထမဆုံး ဆုံတွေ့ခဲ့ကြတယ်။ ဆုံဖြစ်တဲ့အကြောင်းအရင်းက မြန်မာစာဆရာမရဲ့အိမ်မှာ စာသင်ဝိုင်းလေးတစ်ခု ဖွင့်ထားလို့ ကျွန်မက Guideအနေနဲ့ သွားကူညီပေးခဲ့ရာက စတာပေါ့။ ဝိုင်းမှာ လာတက်တဲ့ မိန်းကလေးသုံးယောက်မှာ ငယ်က အစွာဆုံးပဲ။ စကားပြောပုံကလည်း ယောက်ျားဆန်ပြီး ဆောင့်ကြွားကြွားနဲ့လေ။

ကျွန်မက တတိယနှစ်ကျောင်းသူ... ငယ်က ဆယ်တန်းဆိုတော့ အသက်ချင်းသိပ်မကွာတဲ့သူမို့ သိပ်ပြီး မလေးစားချင်ပုံပါ။ ငယ့်ထက်စာရင် ကျန်တဲ့ ကလေးနှစ်ယောက်နဲ့ ကျွန်မက ဆက်ဆံရေးပိုအဆင်ပြေခဲ့တယ်။ စာဝိုင်းကျက်ပေးတာကလွဲရင် ငယ်နဲ့ ကျွန်မက အပိုစကားတစ်ခွန်းတောင် မပြောဖြစ်ခဲ့ကြပါဘူး။

တစ်ရက်တော့ ငယ်တို့ဆီကို စာသင်ဖို့ သွားနေတုန်းမှာ သင်္ကြန်မိုးရွာချခဲ့တယ်။ ထီးအမြဲဆောင်တတ်တဲ့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ကံကောင်းလှချည်ရဲ့လို့ တွေးပြီး ကျေနပ်နေခဲ့ပေမယ့် သော့ခတ်ထားတဲ့ စာသင်အိမ်ကို တွေ့လိုက်ရတော့ စောစောက တွေးထားမိသမျှ အပျော်လေးတွေတောင် ပျောက်ကွယ်သွားသလိုပါပဲ။ ဘာလုပ်ရင်ကောင်းမလဲလို့ စဉ်းစားနေချိန်မှာ အနောက်ဘက်က ခေါ်သံတစ်ခုကို ကြားလိုက်ရတယ်။

"အစ်မ...ဒီဘက်ကို လာခဲ့လေ။"

မျက်နှာချင်းဆိုင်အိမ်ထဲကနေ ထွက်လာပြီး ကျွန်မကို လှမ်းခေါ်ခဲ့တာက ငယ့်သူငယ်ချင်းပါ။ ငယ်ကတော့ ထုံးစံအတိုင်း ထီမထင်မျက်နှာနဲ့ပေါ့။ ကျွန်မလည်း သူတို့ရှိတဲ့ဆီ အမြန်သွားပြီး အကြောင်းအရင်းကို မေးကြည့်ခဲ့မိတယ်။

"တံခါးက ဘာလို့ ပိတ်ထားတာလဲ!? တီချယ်ရော မရှိဘူးလား!?"

"တီချယ်က တခြားဝိုင်းမှာ စာသွားသင်နေတာ ပြန်မရောက်သေးဘူး။"

"ဒါဆိုလည်း ခဏလောက်စောင့်ကြည့်ကြတာပေါ့။"

ငယ့်သူငယ်ချင်းနဲ့ ကျွန်မက လေပေးဖြောင့်နေပေမယ့် ငယ်ကတော့ ဂရုမထားတဲ့ပုံပါပဲ။ အိမ်ရှင်အန်တီကြီးနဲ့ စကားပြောပြီး ရယ်မောနေလေရဲ့။ ခဏကြာတဲ့အထိ စောင့်ကြည့်ပြီး ဆရာမက ရောက်မလာသေးတော့ ကျွန်မလည်း စိတ်ညစ်စပြုလာခဲ့တယ်။ စာသင်တာ နောက်ကျလို့ရှိရင် အိမ်ပြန်ရတာကလည်း နောက်ကျပြီလေ။ သူတို့ရဲ့စာသင်ချိန်ကို လျှော့ချလိုက်ဖို့ကလည်း လိပ်ပြာမလုံသလို ခံစားမိပြန်တယ်။

𝑶𝒏𝒆 𝑺𝒉𝒐𝒕 𝑪𝒐𝒍𝒍𝒆𝒄𝒕𝒊𝒐𝒏Where stories live. Discover now