𝐘𝐨𝐮𝐭𝐡(𝐁𝐋)

894 103 48
                                    

(Unicode Version)


ဤဇာတ်လမ်းကို နယူးယောက်မြို့တွင် အခြေတည်ပြီး ရေးသားထားသောကြောင့် မြန်မာနိုင်ငံ၏နေထိုင်မှုပုံစံများနှင့် ကွဲလွဲမှု ရှိနိုင်ပါသည်🌹🌹🌹

ကျွန်တော့်နာမည်က Jack...

မိဘတွေက ကျွန်တော် (၅)နှစ်သားလောက်ကတည်းက နှစ်ဦးသဘောတူ ကွာရှင်းခဲ့ကြတယ်။ ဖေဖေကလည်း မေမေနဲ့ အတူနေလို့ရတဲ့ ပုံစံမျိုးမှ မဟုတ်တာ။ သူက လွတ်လပ်တာကို သဘောကျပေမဲ့ မေမေကတော့ စည်းကမ်းနဲ့ လိုက်ချည်နှောင်နေတတ်တယ်။

ကျွန်တော်က အဖေတူသား ဖြစ်နေတာကိုလည်း မေမေက သဘောမကျခဲ့ပါဘူး။ အဲဒါကြောင့်ပဲ ကျွန်တော့်ကို ဖေဖေ့လိုမျိုး မဖြစ်ရအောင် ထိန်းကွပ်ဖို့ ကြိုးစားခဲ့တာပေါ့။

ဖေဖေနဲ့ အတူနေခွင့်ရတဲ့ နွေရာသီအချိန်ကို ကျွန်တော် သဘောအကျဆုံးပဲ။ စည်းကမ်းတွေကို မေ့ထားပြီး စိတ်တိုင်းကျ နေခွင့်ရတဲ့ အချိန်လေးတွေဆိုတော့ မြန်မြန်ကုန်သွားမှာကိုတောင် နှမြောမိတယ်။

ဒါပေမဲ့ ဒီတစ်ခေါက် နွေရာသီက ကျွန်တော့်အတွက် ပျော်ရွှင်မှုအပြင် အတွေ့အကြုံသစ်တစ်ခုကိုပါ ဆောင်ကျဉ်းပေးခဲ့တယ်။

"Michael... သူက မင်းရဲ့သားလား!?"

ကားပေါ်ကနေ ဆင်းဆင်းချင်းမှာ အသံလာရာဆီ လှမ်းကြည့်မိတော့ တစ်ခါမှ မမြင်ဖူးတဲ့ ဦးလေးကြီးနဲ့ သူ့ဘေးနားမှာ ကျွန်တော်နဲ့ ရွယ်တူကောင်လေးတစ်ယောက်ကို တွေ့လိုက်ရတယ်။

အဲဒီကောင်လေးကို ကြည့်ပြီး ကျွန်တော်လည်း ရယ်ချင်စိတ်ကို မနည်းထိန်းထားခဲ့ရတာ။ သူ့ပုံစံကိုလည်း မြင်ယောင်ကြည့်ကြပါဦး... ခေါင်းလိမ်းဆီနဲ့ ပိပြားနေအောင်လို့ ဖြီးထားတဲ့ ဆံပင်ရယ်၊ ရှပ်အင်္ကျီလက်ရှည်ကို ကြယ်သီးအပြည့်တပ်ပြီး စတိုင်ဘောင်းဘီကြီးနဲ့ တွဲဝတ်ထားသတဲ့။ ဒီကြားထဲ မျက်မှန်ဝိုင်းကြီးကလည်း တပ်ထားသေးတာ...

ခေတ်ဟောင်းဒီဇိုင်းကြီးနဲ့ သူ့ကို မြင်တဲ့သူတိုင်းက ရယ်ချင်ကြမှာ သေချာတယ်။ ခဏကြာတော့ သူကလည်း ကျွန်တော့်ကို လှမ်းကြည့်ပြီး နှစ်‌ယောက်သား အကြည့်ချင်းဆုံသွားလေရဲ့။ ဘယ်လောက်မှတောင် မကြာလိုက်ပါဘူး။ သူက အကြည့်ပြန်လွှဲသွားခဲ့တယ်။

𝑶𝒏𝒆 𝑺𝒉𝒐𝒕 𝑪𝒐𝒍𝒍𝒆𝒄𝒕𝒊𝒐𝒏Onde histórias criam vida. Descubra agora