(Unicode Version)
🎶𝐈 𝐬𝐭𝐢𝐥𝐥 𝐫𝐞𝐦𝐞𝐦𝐛𝐞𝐫, 3𝐫𝐝 𝐨𝐟 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫...
𝐌𝐞 𝐢𝐧 𝐲𝐨𝐮𝐫 𝐬𝐰𝐞𝐚𝐭𝐞𝐫,
𝐘𝐨𝐮 𝐬𝐚𝐢𝐝 𝐢𝐭 𝐥𝐨𝐨𝐤𝐞𝐝 𝐛𝐞𝐭𝐭𝐞𝐫 𝐨𝐧 𝐦𝐞 𝐭𝐡𝐚𝐧 𝐢𝐭 𝐝𝐢𝐝 𝐲𝐨𝐮...🎶ကျွန်တော့်နာမည်က 𝐇𝐞𝐧𝐫𝐲 ပါ...
အိမ်မှာက အငယ်ဆုံးသားမို့ အလိုလိုက်ခံထားရပြီး ဆိုးသွမ်းနေတဲ့ ကောင်လေးပေါ့။ မိဘတွေက အတော်အသင့်ချမ်းသာတဲ့အပြင် အစ်မလေးယောက်စလုံးကလည်း အလုပ်ကိုယ်စီရှိကြတော့ ကျွန်တော့်ဘဝအတွက် ဘာဆိုဘာမှ ပူပန်စရာ မလိုခဲ့ပါဘူး။"𝐇𝐞𝐧𝐫𝐲...အောက်ထပ်မှာ 𝐓𝐡𝐨𝐦𝐚𝐬 ရောက်နေပြီ။"
မေမေ့ရဲ့ခေါ်သံကို ကြားမှ ကျွန်တော်လည်း အိပ်ရာကနေ အလူးအလဲ ထခဲ့ရတယ်။ ထရမှာပေါ့... 𝐓𝐡𝐨𝐦𝐚𝐬 ဆိုတာက ကျွန်တော့်ရဲ့နှလုံးသားတစ်ခုလုံး အပ်နှင်းထားရတဲ့သူပဲ။ သူနဲ့ ကျောင်းအတူသွားရဖို့ကလည်း တစ်နေ့တာအတွက် အရေးကြီးဆုံးတာဝန်ပဲလေ။
"အသုံးမကျလိုက်တာ။ ငါ့ကိုတောင် နိုးအောင် မနှိုးနိုင်ဘူး။"
ခုံပေါ်က နာရီနှိုးစက်ကို လှမ်းကြည့်ပြီး ကျွန်တော် တဖျစ်တောက်တောက် ပြောလိုက်မိတယ်။ အဲဒီနှိုးစက်သာ စကားပြောတတ်ခဲ့ရင် အခုချိန်ဆို ကျွန်တော့်ကို ပြန်ဆူနေလောက်ရောပေါ့...
"ငါက နှိုးတယ်ဟဲ့။ နင့်ဘာသာနင် မထချင်တာနဲ့ ငါ့ကို ပိတ်ပြီး ပြန်သေသွားတာ။"
ကျွန်တော်က အဲ့လိုလူပါ။ လွယ်လွယ်ရတာ များပြီး ဘာကိုမှ တန်ဖိုးမထားတတ်တော့တဲ့သူ... ဒါပေမဲ့ 𝐓𝐡𝐨𝐦𝐚𝐬 ကတော့ တစ်ခုတည်းသော ခြွင်းချက်လေးပါပဲ။ သူနဲ့ ပတ်သက်လာရင် အသေးအဖွဲလေးကအစ တန်ဖိုးထားတတ်ခဲ့တာ။
𝐓𝐡𝐨𝐦𝐚𝐬 စောင့်နေရတာ ကြာမှာစိုးလို့ ရေချိုးခန်းထဲ ဝင်ပြီး ပုံမှန်လို သီချင်းတောင် အော်မဆိုနိုင်ဘဲ ကျွန်တော် ရေအမြန်ချိုးခဲ့ရတယ်။ ရေချိုးပြီးသွားတော့လည်း ချောမောပြီးသား ကျွန်တော့်မျက်နှာလေးကို ဝတ်ကောင်းစားလှနဲ့ ထပ်ပြီး အရောင်တင်ပေးခဲ့ရပြန်တယ်။
"အားလုံး ပြည့်စုံသွားပြီ။ တော်တော်ချောတဲ့ ငါလေးပဲ။"
CZYTASZ
𝑶𝒏𝒆 𝑺𝒉𝒐𝒕 𝑪𝒐𝒍𝒍𝒆𝒄𝒕𝒊𝒐𝒏