(Unicode)
"ဝမ်ကောကလေ ကျန့်ကောကို ချစ် ချစ်တယ်လို့ပြောလိုက်ပြီ"
"ဪ ဟုတ်လား ဘာ!!!"
Xianရဲ့ဘာ!!!ဆိုတဲ့အသံကြီးကြောင့် Xue huaတစ်ယောက်နားတောင်မနည်းပိတ်လိုက်ရတယ်
"အသံအောင်ချက်မိxianရယ် နင်မြန်မာအိုင်ဒေါဝင်ပြိုင်သင့်တယ်သိလား"
"ငါကဘာကိစ္စမြန်မာအိုင်ဒေါဝင်ပြိုင်ရမှာလဲ အံ့ဩလို့မဆုံးလို့အော်မိတာ"
"နင့်ကြောင့်ငါနားအူသွားလို့ရွဲ့ပြောနေတာဟဲ့ ခိုးနားထောင်ပါတယ်ဆိုနင်ကအသံဗြဲကြီးနဲ့ထအော်တာကို အသံကိုကကျီးကန်းထိုးသံကြီးနဲ့ ကြားရတာနားကလောလိုက်တာ"
"ငါ့အသံမကောင်းတာငါသိတယ် နင်လာပြီးချီးကျူးနေစရာမလိုပါဘူး"
"အော် ချီးကျုးသလိုဖြစ်သွားတာလား "
"အဲ့တာအသာထားစမ်းပါ ၀မ်ကောကတကယ်ကျန့်ကောကိုဖွင့်ပြောလိုက်ပြီလား"
"ဖွင့်ပြောလိုက်ပါပြီဆို နင်ကမယုံတာလား"
"မယုံတာမဟုတ်ဘူးဟဲ့ တနေ့ဖွင့်ပြောမယ်ဆိုတာလည်းသိတယ် ဒီလောက်မြန်မယ်မထင်တာ"
"ဒီခေတ်မှာအချိန်ဆွဲနေလို့ဘာမှကောင်းတာမရှိဘူးဟဲ့ ချစ်ရင်ချစ်ကြောင်းမြန်မြန်ဖွင့်ပြောခါမှတော်ကာကျတာသိရဲ့လား ဖွင့်ပြောဖို့ပါးစပ်နှေးနေရင် နောက်တစ်ယောက်နောက်ကောက်ကောက်ပါအောင်ပါသွားလိမ့်မယ် ဒါမျိုးရှင်းပြနေလည်းနင့်လိုနှစ်ချို့ပြီးပုတ်အပ်နေတဲ့faမကြီးကသိမှာလည်းမဟုတ်ပါဘူးလေ"
"မသာမကြီးငါ့ကိုနှိမ်ပြန်ပြီ ငါ့ကနှစ်ချို့ပြီးပုတ်အပ်နေတဲ့faမကြီးလို့ပြောရအောင် နင်ကရောဘာထူးလဲ ပုတ်အပ်နေတဲ့မစားကောင်းတဲ့faမကြီးပဲလေ"
"ခုအဲ့ရာထူးကနေငါကကျွတ်လွတ်တော့မှာသိလား နင့်လိုခုပစ္စုပန်ရော နောက်လာမဲ့အနာဂတ်မှာရော ပုတ်အပ်နေတဲ့သူတွေကိုငါဘာမှမပြောလိုတော့ပါဘူးဟာ သနားလို့သိလား"
"အောင်မယ်ကြီးကြီးကျယ်ကျယ်နဲ့ နင့်ကိုဘယ်ကောင်လေးကလာကြိုက်နေလို့လဲပြောပါအုံး မမလေးhuaရဲ့"
YOU ARE READING
အဝါရောင်အိမ်ကလေး(Completed)💛
Short StoryCalonaပန်းခင်းကြီးကနေအစပြုပြီးကောင်လေးနှစ်ယောက်ရဲ့အချစ်ပေါက်ဖွားလာပြီးအဝါရောင်အိမ်ကလေးဖြစ်ပေါ်ဖို့စတင်လာခဲ့တယ် 💛 ညီအမ5ယောက်ဟာလည်းအဲ့ကောင်လေးနှစ်ယောက်ကြောင့်ပဲfan girlတွေဖြစ်ပြီး fdလေးတွေကွဲပြားပြီးသူတို့ညီအမစည်းလုံးကြမလား မတည့်ပဲရန်ဖြစ်ကြမလားဆိုတ...