(Unicode)
"အဲ့ဒါကလေ ဘယ်တုန်းကလဲဆိုတော့လေ...."
တစ်ဖက်မှာလည်း Xua Huaတစ်ယောက် Xianပြောတဲ့စကားတွေကြားပြီး မယုံကြည်ခြင်းများစွာနဲ့ ကမ္ဘာပျက်နေလေရဲ့
"ဟဲ့ နင်အသံပြဲကြီးနဲ့ ဘာကိစ္စထအော်တာလဲ ငါ့နားလေးသနားပါတယ်"
"နင့်နားကိုသနားတာအသာထား ဝမ်ကော ကျန့်ကောတိုက်ခန်းထဲကို ဝင်သွားတာတကယ်လား"
"တကယ်ပါဆို ငါအဲ့နားကမားကတ်ကိုသွားတော့ ရိပေါ်ကော ရှောင်ကောအိမ်ထဲကို ဝင်သွားတာကို ငါ့ရဲ့အဖိုးတန်မျက်လုံးလေးနဲ့မြင်လိုက်တာ"
"တ တကယ်ကြီး နေစမ်းပါဦး ကျန့်ကောက ဒီနေ့မှပြန်ရောက်တာမလား"
"အေး ဟုတ်မယ်ထင်တယ် အာ့ကြောင့်ဝမ်ကောရောက်လာတာထင်တယ်"
"အဲ့တော့ သူတို့တွေ့ပြီး ဘာလုပ်ကြလဲမသိဘူးနော် ဟွင်း ဟွင်း"
"ဟဲ့ မိHua နင်မဟုတ်တာတွေတွေးပြီး မှောင်မနေနဲ့"
"မှောင်မှောင် ငါကဖြစ်နိုင်တာတွေးကြည့်တာ ဟီးဟီး"
"ဟီးဟီးလုပ်မနေနဲ့ ငါထင်တာတော့ ကောအဖြေပေးလိုက်ပြီထင်တယ်"
"အာ့ဆို ငါတို့OTPကြီးက ဒီနေ့စတာပေါ့နော် ယေးးး"
"စွတ်ပြောမနေနဲ့ ငါထင်တာပြောတာ"
"သိဘူးအေ ပျော်မှာပဲ ငါတော့ဒီနေ့လို့သတ်မှတ်လိုက်ပြီ"
"နင့်သဘောအေ ဒါနဲ့ နင် ငါဖုန်းဆက်တော့ ဘာလို့တန်းမကိုင်တာလဲ"
"အာ အဲ့ဒါနင့်ကိုပြောဖို့မေ့နေတာ ဒီနေ့အလတ်မမွေးနေ့လေ ပူဖောင်းတွေမှုတ်နေလို့ နင့်ဖုန်းကိုတန်းမကိုင်မိတာ"
"ဩ ပူဖောင်းတွေအဲ့လောက်မှုတ်ပြီးတာတောင် အော်နိုင်တုန်းပဲနော် အံ့ဩပါ့"
"Xianကလည်း ငါvocalကောင်းတာ နင်သိပါတယ်"
"သိတယ်ဟေ့ သိလို့ကိုရွဲ့ပြောနေတာ"
"ရွဲ့တာအသာထား ဒီနေ့လာခဲ့ဦး ငါဖိတ်တယ်"
"အမလေး မဖိတ်လဲ ငါကလာမှာ အလကားရတဲ့ အစားအသောက်ကိုအလွတ်ခံစရာလား"
ESTÁS LEYENDO
အဝါရောင်အိမ်ကလေး(Completed)💛
Historia CortaCalonaပန်းခင်းကြီးကနေအစပြုပြီးကောင်လေးနှစ်ယောက်ရဲ့အချစ်ပေါက်ဖွားလာပြီးအဝါရောင်အိမ်ကလေးဖြစ်ပေါ်ဖို့စတင်လာခဲ့တယ် 💛 ညီအမ5ယောက်ဟာလည်းအဲ့ကောင်လေးနှစ်ယောက်ကြောင့်ပဲfan girlတွေဖြစ်ပြီး fdလေးတွေကွဲပြားပြီးသူတို့ညီအမစည်းလုံးကြမလား မတည့်ပဲရန်ဖြစ်ကြမလားဆိုတ...