(Unicode)
မနက်မိုးလင်းအလုပ်သွားဖို့ထွက်လာတဲ့xue huaတစ်ယောက် အခန်းထဲကထွက်လာ တော့ဆံပင်ပွယောင်းယောင်းနဲ့ မျက်ကွင်းညိုပြီးသူ့အခန်းထဲကထွက်လာတဲ့ အလတ်မနဲ့တွေ့လိုက်တော့
"အမလေး ကျန့်ကောနဲ့၀မ်ကောနဲ့ညား ကလေး2ယောက်ဖွား"
"ကျဲယောင်တာversionမြင့်သွားပါလား"
"ငါယောင်တာversionမြင့်တာအသာထား နင့်ရုပ်ကဘယ်လိုဖြစ်လာတာတုန်း"
"ဟဲဟဲ ညကအချိုစားတာများသွားလို့ "
"ဖြစ်ရလေအလတ်မရယ် ဖြည်းဖြည်းစားလည်းရပါတယ် ငါအလောတကြီးပြန်မတောင်းပါဘူးဟာ ခုနေနင့်ရုပ်ကိုနင့်fanတွေသာမြင်ရင်သွေးတက်တော့မယ်"
"Ming mingဖန်တွေက ming mingမျက်ကွင်းဟောက်ပတ်ဖြစ်ရုံမကလို့ ရေ7ရက်မချိုးလည်းချစ်ကြမှာသိလား"
"ဝေါ့ ငါတော့မချစ်နိုင်ပါဘူး ခုတောင်အနံ့ရနေသလိုပဲ နေစမ်းပါအုံး ဒီနေ့ရိုက်ကွင်းမရှိဘူးလား ဒီရုပ်နဲ့သွားမယ်လို့တော့မပြောနဲ့နော်"
"မသွားပါဘူးကျဲရာ ဒီနေ့ရိုက်ကွင်းမရှိဘူးလို့ဒါရိုက်တာကညကလှမ်းပြောတယ် အဲ့ကြောင့်အချိုစားတာများသွားတာ ဟီး"
"ကြည့်ကြပ်ကြည့်သိလား အချိုစားလွန်ပြီးဂန့်နေမယ်"
"မဂန့်သေးပါဘူး ၀မ်ကောတို့ညားတာကြည့်အုံးမှာ "
"ငါ့ထက်တောင်ဆိုးနေတယ် မနက်စာစားပြီးခဏပြန်အိပ် ထပ်ကြည့်လို့တော့ငါနဲ့တွေ့မယ်"
"သိပါတယ်ကျဲရယ် ming mingလည်းနားအုံးမှာ လူကဒေါင်းနေပြီ "
"ဒေါင်းနေမှန်းတော့သိသေးသားပဲ ငါလုပ်လိူက်ရမကောင်းရှိတော့မယ်"
"ဟီးကျဲကလည်း အော်ဒါနဲ့ ကျဲ၀မ်ကောတို့ရိုက်ကွင်းသွားအုံးမှာလား"
"မသိသေးဘူးအခြေအနေအရပဲ အလုပ်အားရင်တော့သွားဖြစ်မယ် နင်ကဘာလုပ်မလို့လဲ"
"ဟီးရိုက်ကွင်းလိုက်ကြည့်ချင်လို့"
"မိming နင့်ကိုယ်နင်မင်းသမီးရောဆိုတာသိတယ်မလား "
YOU ARE READING
အဝါရောင်အိမ်ကလေး(Completed)💛
Short StoryCalonaပန်းခင်းကြီးကနေအစပြုပြီးကောင်လေးနှစ်ယောက်ရဲ့အချစ်ပေါက်ဖွားလာပြီးအဝါရောင်အိမ်ကလေးဖြစ်ပေါ်ဖို့စတင်လာခဲ့တယ် 💛 ညီအမ5ယောက်ဟာလည်းအဲ့ကောင်လေးနှစ်ယောက်ကြောင့်ပဲfan girlတွေဖြစ်ပြီး fdလေးတွေကွဲပြားပြီးသူတို့ညီအမစည်းလုံးကြမလား မတည့်ပဲရန်ဖြစ်ကြမလားဆိုတ...