Part - 2

175 6 1
                                    

Zawgyi_Version

အပိုင်း (၂)

ချစ်ရအောင် နဲ့ ထို Waiter ကောင်လေး တိုက်မိပြီး ချစ်ရအောင် လှဲကျအခိုက်မှာ ထို Waiter ကောင်လေးက ချစ်ရအောင် ကို ပွေ့ဖက်ထားလိုက်တာပေါ့။

ပြီးတော့ ထို Waiter ကောင်လေး ပြန်ထူပေးလေတယ်။ချစ်ရအောင် ပြုံးရည်နေတာပေါ့။

" ကျေးဇူးပါဗျ ''

" ဟုတ် ရပါတယ်ဗျ  Customer တွေကို နွေးထွေးစွာ ပြောဆို ဆက်ဆံရမှာ ကျွန်တော်တို့ အလုပ်ပါ
ခွင့်ပြုပါဦးဗျ ''

ထို Waiter ကောင်လေး ပြောသွားသည့်စကားမှာ ကြည်လင်ပြတ်သားရဲရင့်တည်ကြည်ပြီး ယောက်ျားသံ ပီပီသသ အသံသြဇာ ကောင်းကောင်း နဲ့ ကြားရသူကို ဆွဲဆောင်နေလေတယ်။

ချစ်ရအောင် ထွက်သွားတဲ့ ထို Waiter ကောင်လေးကို ငေးကာကြည့်နေလေတယ်။
ပြီးနောက် သူလည်း ဆိုင် အပြင်ခဏ ထွက်ကာ ဖုန်းပြောနေတော့တယ်။

ဘုန်းလျှံ ဆိုင်ထဲမှ Apron ကို ခါးမှာ ပတ်ကာ ဆိုင် ယူနီဖောင်း ကို လှဲပြီး ထွက်လာလေတယ်။

ဘုန်းလျှံ ချစ်ရအောင် အနားသွားလိုက်လေတယ်။ချစ်ရအောင် ဖုန်းပြောလို့ အပြီးမှာ ဘုန်းလျှံ မေးလေတော့သည်။

" အောင်လေး ဘာတွေဖြစ်နေတာလဲ ငါ့ဆိုင်လာပြီးတော့ ဒုက္ခမရှာနဲ့နော် ''

" ဘာမှမဖြစ်ပါဘူးကွာ ငါ မင်းတို့ဆိုင်က Waiter တစ်ယောက်နဲ့ တိုက်မိလိုက်တာလေ ဟို Bar က
တစ်ယောက် ''

" Aww သူလား ''

" အေ သူကဘယ်သူလဲ ''

" သူက ချစ်ရင်ထူး တဲ့ Bar Waiter လေ ''

" ဘာ! ချစ်ရင်ထူး မထူးပါဘူး သူပြောတိုင်း
မထူးပါဘူးကွာ ''

" သူလည်း မင့်နာမည်လို့ပဲ ခေါ်ရခက်တယ်ကွ အာ့မို့ သူ့ကို မောင်ထူး လို့ပဲ ခေါ်တာ ''

" အော် အင်းပါ မင်းအလုပ်က ညနေမှ
ပြီးမှာမလား ''

" အေ ''

" ဒါဆို ငါပြန်နှင့်တော့မယ် ''

" အေအေ ''

ချစ်ရအောင်လည်း သူ့အဆောင်ကို ပြန်ခဲ့လေတော့တယ်။ဘုန်းလျှံ လည်း သူ့အလုပ်သူလုပ်ဖို့ ဆိုင်ထဲ ပြန်ဝင်သွားလေတော့တယ်။

The More MissWhere stories live. Discover now