Part - 4

98 4 0
                                    

Zawgyi_Version

အပိုင်း (၄)

ဦးအောင်မော် တို့ မိသားစု ဒေါ်ချစ်ရင် သူတို့မိသားစုထဲမှ ထွက်သွားပြီ ဖြစ်၍ အားလုံးစိတ်မကောင်း ဖြစ်နေကြလေတယ်။

ဒီလိုနဲ့ အချိန်တွေက တဖြည်းဖြည်း ကုန်ရင်း ကုန်ဆုံးလာလေတော့တယ်။

၃ လခန့်ကြာသော်

အိပ်ယာထဲတွင်လှဲနေသော ဦးအောင်မော် ဘာရောဂါကြောင့်ပါလိမ့် စဉ်းစားစရာပင် ဖြစ်ပေတယ်။

" အဟွတ် အဟွတ် ''

" အဖေ ခဏလေးနော် ခဏလေး ''

လို့ ချစ်စုလှိုင် ပြောကာ သူ့အဖေအတွက် ထွေးခံယူပေးလေတော့တယ်။

" အဖေ ဒီထဲ ထွေးထည့် ''

ချစ်စုလှိုင် နှုတ်ခမ်းတွင် ပေနေသော ချွဲသလိပ်များကို သုတ်ပေးလိုက်လေသည်။

" ကဲ အဖေ ဆန်ပြုတ်သောက်ရအောင် ပြီးရင် ဆေးသောက်ရဦးမယ် ''

" အေး အေးပါကွယ် ''

ချစ်စုလှိုင် တစ်ယောက် သူ့အဖေကို ဆပ်ပြုတ်တွေ တစ်စွန်းပြီးတစ်စွန်း တိုက်နေလေတယ်။

အိမ်ထဲကို ဝင်လာတဲ့ ချစ်ရအောင်  ကျောင်းမှ ပျော်ပျော် နဲ့ ပြန်လာလေတယ်။

အိမ်လေးကတော့ ချစ်ရအောင် ၇ နှစ်တုန်းကလို ထရံကာ အိမ်မဟုတ်တော့ပေ။

ထိုအိမ်က ဟောင်းနွမ်းနေ၍ ယခု နှစ်ထပ်အိမ်လေး ဆောက်လုပ်ထားပေတယ်။

ချစ်ရအောင် တစ်ယောက် ဧည့်ခန်းမှာ ဝင်ထိုင်လိုက်လေတယ်။
ချစ်စုလှိုင် လည်း ဦးအောင်မော် အခန်းမှ ဆန်ပြုတ်ခွက်ကိုင်ကာ ထွက်လာလေတယ်။

" မမ အဖေက နေကောင်းလား ''

" ကောင်းပါတယ် မောင်လေးရယ် ''

" ဟူး....... ကိုကြီးကလည်း သူ့မယားနဲ့သူ့သမီးနဲ့ စာဝတ်နေရေးပြေလည်အောင်နေနေရတာ ....

မမလည်း လယ်ကရတဲ့ဝေစုကို ကိုကြီးနဲ့ခွဲဝေယူရ ဒီကြားတည်း ကိုပြည့်စုံထွန်း ကိုလည်း အရက်ဖိုးပေးရ

နောက်တစ်နှစ်ဆို တူလေးနဲ့တူမလေးကလည်း ကျောင်းနေရမယ့် အရွယ်ရောက်ပြီ

The More MissWhere stories live. Discover now