Part24

4.4K 281 0
                                    

'သားလေးကို surpriseလုပ်ရမယ်'

ဒေါ်ခင်ဝင့်ထယ် မင်းခေတ်အိမ်ရှေ့ရောက်တော့ခြံတံခါးကသော့မခတ်ထားသဖြင့် အိမ်ထဲသို့တိုက်ရိုက်ဝင်လာလိုက်သည်  အိမ်တံခါးကလည်းပွင့်လျက်သား ‌

'ဒီကလေးတွေ ဘာလုပ်နေလို့ တံခါးတွေအကုန်မပိတ်ထားတာလဲ မနေ့ညကများ သူငယ်ချင်းတွေနဲ့ အရက်တွေဘာတွေသောက်ကြရင်း အိပ်ပျော်သွားတာများလား'

ဒေါ်ခင်ဝင့်ထယ်အိမ်ထဲဝင်လာတော့စားပွဲပေါ်ကချောကလက်ကိတ်လေးမှလွဲပြီး တခြားဘာမှမတွေ့ တစ်အိမ်လုံးကလည်းတိတ်ဆိတ်နေသည်

"မန်မန်ရေ သားခေတ်‌"

ဘာအသံမှထွက်မလာ ခရီးဆောင်အိတ်ကို ထိုင်ခုံပေါ်တင်လိုက်ပြီး အိပ်ခန်းဘက်သို့ခြေဦးလှည့်မိသည် အိပ်ခန်းတံခါးကလည်းအနည်းငယ်ဟနေသည် ဒေါ်ခင်ဝင့်ထယ်တံခါးကိုအသာလေးဖွင့်ကြည့်လိုက်တော့မြင်လိုက်ရတဲ့မြင်ကွင်းကခေါင်းတည့်တည့်မိုးကြိုးပစ်ချလိုက်သလိုပင် သားခေတ်ရင်ခွင်ထဲမှာ မန်မန်ကတိုးဝှေ့အိပ်စက်နေသည် ဖြူဖွေးသောလည်ပင်းနဲ့
ပုခုံးတစ်လျှောက်တွင်လည်းနီရဲသောအမှတ်များကထင်ရှားနေသည် ပြန့်ကျဲနေသောအဝတ်အစားများနဲ့ သုံးပြီးသားcondomများက ဒေါ်ခင်ဝင့်ထယ်ကို အခြေအနေတစ်ခုကိုညွှန်ပြနေသည်

"မာန်ဝင့်ထယ် မင်းထစမ်း"

ဒေါ်ခင်ဝင့်ထယ်ရဲ့‌ကျယ်‌ေလာင်‌ေသာအသံကတိတ်ဆိတ်နေသောလေထုကိုဖြိုခွင်းသွားသည် မင်းခေတ်နဲ့မာန်လည်း မေမေ့အသံကြောင့် တုန်လှုပ်စွာနိုးထလာသည်  မေမေ့အသံကတုန်ယင်နေပြီး မျက်လုံးများကနီရဲနေသည်

"မေမေ သား "

"ဘာစကားမှမပြောနဲ့ အခုချက်ချင်းထွက်ခဲ့"

‌"မေမေ "

မေမေဟုခေါ်လာသောမင်းခေတ်ကိုဒေါ်ခင်ဝင့်ထယ်စူးစူးရှရှကြည့်လိုက်ပြီး

"နိုင်မင်းခေတ် မင်းငါ့ကို အမေလို့ခေါ်စရာအကြောင်းမရှိဘူး"

မာန်ဝင့်ထယ် စောင်အောက်မှာဘဲ အဝတ်အစားကိုအမြန်ဝတ်လိုက်ရသည် ညကမင်းခေတ်ကြောင့် အောက်ပိုင်းက ကိုင်ရိုက်ထားသလို
နာကြင်နေသော်လည်း ဂရုမစိုက်အား  မေမေ့ကိုသာအသနားခံသလိုကြည့်နေသည်
နှေးတုံ့နှေးတုံ့လုပ်နေသော မာန့်ကို ‌ဒေါ်ခင်ဝင့်ထယ်စိတ်မရှည်တော့   ကုတင်နားသွားပြီး မာန့်ဝင့်ထယ်လက်ကောက်ဝတ်ကိုအကြမ်းပတမ်းဆွဲကိုင်ကာ အခန်းအပြင်ဘက်ကိုဆွဲထုတ်သွားသည်

Ready or Not (Completed)📌စာအုပ်မထုတ်ပါ📌Where stories live. Discover now