ည11နာရီအချိန်အဆောင်ခန်းလေးထဲတွင်
အခန်းမီးပိတ်ပြီးစာကြည့်မီးလေးဖွင့်ကာရေနွေးဗူးထဲကထမင်းအားဇွန်းနဲ့ကော်ပြီးပန်းကန်လုံးထဲထည့်နေသူရှိလေသည်။"အဲ့တော့ မင်းကထမင်းသွားခိုးတာပေါ့"
"ငါဗိုက်ဆာလို့ပါ ဟီး"
မာန်သွားလေးဖြဲပြကာမင်းခေတ်ရဲ့စားပွဲကိုကြည့်လိုက်သည်။
"မင်းမှာ ရှမ်းရွှေတောင်လက်ဖက်ရှိတယ်မလား
ငါ့ကိုတစ်ထုပ်လောက်ပေးစမ်းပါ""ညကြီးလက်ဖက်စားရင်အိပ်မရဘဲနေမယ်နော်"
"ရတယ် ငါကအိပ်တယ်"
မင်းခေတ် လက်ဖက်တစ်ထုပ်ပစ်ပေးလိုက်သည်။မာန်ကလက်ဖက်ထုပ်ကိုဖောက်ပြီးနဲ့ထမင်းနဲ့အကျအနနယ်လိုက်သည်။မင်းခေတ်လက်ဖက်တစ်မျိုးထဲပါတဲ့ထမင်းကိုကြည့်ပြီးမနေနိုင်တော့ဘဲ။
"မာန် ငါ့ကိုမင့်ပန်းကန်ပေး"
"ဘာလဲငါမကျွေးဘူးနော်"
မာန် သူ့ကိုယ်လုံးလေးအားတစ်ဖက်ကိုလှည့်လိုက်ပြီးပန်းကန်လုံးလေးအားကာလိုက်သည်။ မာန့်ရဲ့အပြုအမူလေးကမင်းခေတ်ရင်အစုံကို လှုပ်ရှားသွားစေတာကိုတော့မာန်မသိလိုက်။
"စားမလို့မဟုတ်ပါဘူး ပေး"
မင်းခေတ် မာန့်ပန်းကန်အားဆွဲယူလိုက်ကာ အကြော်ဆံ ဆားနဲ့ပဲဆီလေးဆမ်းပြီးသေချာနယ်ပေးလိုက်သည်။ရေနွေးဗူးထဲမှာထည့်ထားလို့ထမင်းကပူပူနွေးနွေးဖြစ်နေသေးသည်။
"ရော့ ဒီအတိုင်းစားရင် ဘယ်လိုလုပ်စားကောင်းမှာလဲ ဦးနှောက်လေးဘာလေးသုံးလေ"
"ဝါး မင်းခေတ် မင်းကအကောင်းဆုံးဘဲ"
မာန် လက်ဖက်ထမင်းတစ်လုပ်အားပါးစပ်ထဲထည့်လိုက်သည်။ထမင်းပူပူလေးကလက်ဖက်စပ်စပ်လေးနဲ့လက်ဖက်နေကာပဲဆီဆမ်းထားသောကြောင့်ပဲဆီနံ့လေးသင်းနေသည်။အကြော်ဆံ ကြွပ်ကြွပ်ရွရွကလေးကဝါးလိုက်တာနဲ့ကြေမွသွားပြီးမာန့်ပါးစပ်ထဲတွင်ပျော်ဝင်သွားသည်။
မာန် စားရင်းနဲ့ဘေးမှာသူ့ကိုထိုင်ကြည့်နေတဲ့မင်းခေတ်ကိုကြည့်လိုက်သည်။

VOCÊ ESTÁ LENDO
Ready or Not (Completed)📌စာအုပ်မထုတ်ပါ📌
Romanceစချစ်မိတဲ့အချိန်ကစလို့ အချစ်များသည် နောင်နှစ်များစွာထိတိုင် တည်ရှိနေပါလိမ့်မည် (2.6.2021-15.6.2021)