Unicode version
လူသတ်မှုတစ်ခုကြောင့် Lisaတို့ စခန်းမှ အမြန်ထွက်လာရပါသည်
အလောင်းတွေ့တံ့နေရာက လမ်းကြားတစ်နေရာ
"ဘယ်သူလဲ သိရပြီလား"
"သေဆုံးသူက ....uniက Hannah Yooပါ HKရဲ့ သမီးအငယ်ပါ"
"ဟင် ဟုတ်လား ဒါဆို သတ်တဲ့သူကရော'
"နှင်းဆီနက်လို့ ငါကထင်တယ်"
ဘေးနားက အလောင်းစစ်ဆေးနေတဲ့ Jiyeonက ဝင်ပြောသည်
"Wae ဘာလို့ နှင်းဆီနက်လို့ ထင်တာလဲ"
"ဒီမှာလေ နှင်းဆီပန်းအနက်"
သက်သေကို jiyeonက လက်ညှိုးထိုးပြလေသည်
"နှင်းဆီအနက်ဆိုတာနဲ့ပဲ နှင်းဆီနက်သတ်တာလို့ ပြောလို့မှမရတာ သတ်တဲ့ပုံစံက မတူသလိုပဲနော်"
"မတူတာဆိုလို့ ကျာပွတ်နဲ့ ရိုက်တာပဲ မတူတာ ဓားနဲ့ လူကို မသေမချင်း ထိုးတာကတော့ တူတယ် ပြီးတော့ နှင်းဆီနက်လည်း အခုနောက်ပိုင်း လူသတ်ရင် လူကိုမရိုက်တော့ဘူးလေ ဓားနဲ့ပဲ အကြိမ်ကြိမ်ထိူးတာလေ"
နှင်းဆီနက်သတ်တာ ထပ်မဖြစ်စေချင်လို့ lisa သေချာမေးနေတာ
တကယ်သာ နှင်းဆီနက်သတ်တာဆိုရင် တလထဲမှာ လူသတ်မှု၂ခုပင်။
"နောက်တခုက ဒီမှာကြည့် Kan Son Younhသေသွားတုံးက ပျောက်သွားတဲ့ လက်ပတ်နာရီ"
"Shit ! ဒီလူ ဒီလထဲ ဘယ်နှယောက် ရှိပြီလဲကွာ သတ်နေတာ တကယ် psychopath ထင်တယ်"
"အေး psychopath မှ တကယ့်psychopathပါဆို"
Jiyeonက ဝင်ထောက်ခံသည်
"ဒါဆို အခု သေဆုံးသူ Hannah Yooရဲ့ ကျောင်းအခြေအနေကို သွားစုံစမ်းရအောင် အချစ်လစ်ဟင်းလို့ မဖြစ်ဘူး အရှေ့က အသတ်ခံရတဲ့ လူတွေနဲ့ ဘာဆက်စပ်လဲ ရှာကိုရှာရမယ် အာ့မှ ဒီအရုးကောင်ကိူ ဖမ်းလို့ရမှာ"
.
.
."ဒီတခါတော့ Elleကို မေ့လိုက်စမ်းပါ Jenရာ "
"အေးလေ မကောင်းတဲ့သူမို့ နင်မို့ စိတ်ထဲထည့်နေလိုက်"
"ခြံခုန်တဲ့ကောင်ကို မေ့လိုက်စမ်းပါ"
STAI LEGGENDO
Evil of Flower
Mistero / Thrillerသူမဟာ ပန်းတစ်ပွင့်လို လှပတယ် သူမ ပြုံးလိုက်ရင် အသည်းပုံနှုတ်ခမ်းပေါ်လာတယ် အသည်းပုံနှုတ်ခမ်းက ချိုမြိန်တယ် သို့သော် ထိုချိုမြိန်မှုရဲ့ အနောက်မှာတော့.....